32 C
Yangon

ကြို့ပင်ကောက်နှင့် ဇီးကုန်းရှိ ကျေးရွာများမှ လူငယ်များကို နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

Must read

ကြို့ပင်ကောက်နှင့် ဇီးကုန်းရှိ ကျေးရွာများမှ လူငယ်များကို နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

ပဲခူးတိုင်း၊ ကြို့ပင်ကောက်နှင့် ဇီးကုန်းမြို့နယ်ရှိ ကျေးရွာများမှ လူငယ်များကို နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ဇီးကုန်းမြို့နယ်ရှိ မီးကောက်ပင် ကျေးရွာကို ပေါ်တာဆွဲရန် ကျွန်တောစု ကျေးရွာမှ ထွက်ခွာလာသော စစ်သားနှင့် ပျူစောထီး ၅၀ ခန့်ကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ကြို့ပင်ကောက် မြို့နယ် ကျွန်းတောစုရွာကို ဝင်ရောက် စီးနင်းပြီး လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးရန် လုပ်ဆောင်သောကြောင့် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရပြီး စစ်ကောင်စီ တပ်သားများ နေအိမ်အတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွားကြောင်း သိရသည်။

“စစ်ခွေးတွေနဲ့ ကွင်းချောင်းရွာ ပျူစောထီးတွေ ပူးပေါင်းထားတဲ့ စစ်ကြောင်းက ရွာတွေကို ဝင်စီးပြီး ဆက်တိုက်ပေါ်တာဆွဲဖမ်းဆီးနေတာ ကျွန်းတောစု ကျေးရွာက လူငယ်တွေနဲ့ အသက်ကြီး လူကြီးပိုင်းများတွေပါ ထွက်ပြေးတိမ်းရှောင်နေရတယ်။ လူတွေ မရှိရင် စစ်ခွေးတွေက အိမ်ထဲက ပစ္စည်း အကုန်ခိုးတယ်။ ရွှေ၊ ငွေ အကုန်ယူတာ အဲခွေးစစ်ကြောင်းကို ကျနော်တို့ တော်လှန်ရေး ရဲဘော်တွေ ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး သေစာရင်းကိုတော့ ဆက်လက် စုံစမ်းနေပါတယ်။ ဒဏ်ရာရတဲ့ စစ်ခွေးတွေလည်း ရှိပါတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပဲခူးတိုင်း သာယာဝတီ ခရိုင် တပ်ရင်း (3801) တပ်ခွဲ-1 YOMA (GBK) PDF ၊ ပြည်သူကာကွယ်ရေး တပ်ဖွဲ့ နှင့် သာယာဝတီ ခရိုင် တပ်ရင်း (3802) တပ်ခွဲ-1 Dragon Brothers (GBK )PDF နှင့် ပဲခူးရိုးမ အခြေပြု BTZM (GBK) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article