ရန်ကုန်၊ ဖေဖော်ဝါရီ ၅
အကြမ်းဖက် စစ်အုပ်စုက အာဏာသိမ်းခဲ့သည့် ၄ နှစ်တာအတွင်း စာသင်ကျောင်းနှင့် ဆေးရုံဆေးခန်းများကို စစ်တပ်က ပစ် မှတ်ထား တိုက်ခိုက်မှုကြောင့် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ နှင့် CDM ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၃၈၃ ဦးသေဆုံးခဲ့ကြောင်း NUG အစိုးရ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ယမန်နေ့တွင် ထုတ်ပြန်ပြောဆိုသည်။
ပြည်သူ့အာဏာကို မတရားလုယူရန် ကြိုးစားခဲ့သော ၄ နှစ်တာ ကာလအတွင်း အကြမ်းဖက် စစ်အုပ်စုက ရည်ရွယ်ချက် ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့သော စာသင်ကျောင်းပေါင်း ၂၄၅ ကျောင်း ထက်မနည်းရှိခဲ့ပြီး ဆေးရုံဆေးခန်း ၃၄၀ ကျော်မှာလည်း ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။
စစ်တပ်က ပညာရေးနှင့် သက်ဆိုင်သော နေရာများကိုလည်း ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်မှုကြောင့် ကျောင်းသား၊ ကျောင်း သူ၊ ဆရာ၊ ဆရာမ စုစုပေါင်း ၂၅၀ ကျော် သေဆုံးခဲ့ပြီး သေဆုံးသူများထဲတွင် ၁၈ နှစ်အောက် ကလေးငယ် ၈၈ ဦး ပါဝင်ကြောင်း သိရှိရသည်။
ထို့ပြင် ဆေးရုံဆေးခန်းများကိုလည်း အကြမ်းဖက် စစ်တပ်က ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုကြောင့် CDM ကျန်းမာရေးဝန်ထမ်း ၁၃၃ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရခဲ့သော ကျန်းမာရေး ဝန်ထမ်း ၁၃၅ ဦးရှိကြောင်း သိရသည်။
“အကြမ်းဖက် စစ်အုပ်စုဟာ ပြည်သူ့အာဏာကို မတရားလုယူဖို့ ကြိုးစားခဲ့တဲ့ ၄ နှစ်တာကာလ အတွင်းမှာ စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ၂၄၅ ကျောင်း ထက်မနည်းရှိခဲ့ပြီး ဆေးရုံ ဆေးခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု ၃၄၀ ကျော် ရှိခဲ့ပါတယ်။ ပညာရေးနဲ့ သက်ဆိုင်တဲ့ နေရာတွေကို ရည်ရွယ်ချက်ချက် တိုက်ခိုက်မှုတွေကြောင့် ကျောင်းသားကျောင်းသူ ဆရာ၊ ဆရာမ စုစုပေါင်း ၂၅၀ ကျော် သေဆုံးခဲ့ရပြီး သေဆုံးသူတွေထဲမှာ ၁၈ နှစ်အောက် ကလေးငယ် ၈၈ ဦး ပါဝင်ကြောင်းလည်း သိရှိရပါတယ်။ အကြမ်းဖက် စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ကျန်းမာရေးဝန်ထမ်း CDM ၁၃၃ ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရခဲ့သူ ကျန်းမာရေး ဝန်ထမ်း ၁၃၅ ဦးရှိခဲ့ပါတယ်” ဟု NUG အစိုးရ သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူ ဦးကျော်ဇော်က ယမန်နေ့တွင် ပြောဆိုသည်။
ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကုက္ကိုလ်ရွာ စာသင်ကျောင်းရှိ ယောဒေသ စစ်ဘေးရှောင်စခန်းကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၅ နှစ် အရွယ် မောင်ဖြိုးမောင်မောင် ၊ အသက် ၈ နှစ် အရွယ် မဖြူဖြူပွင့် ၊ အသက် ၃၆ နှစ်အရွယ် မသန်းစု၊ အသက် ၁၂ နှစ် အရွယ် မမဲတူစိန် ၊ အသက် ၂၅ နှစ်အရွယ် မမှတ်စာ ၊ အသက် ၄၀ နှစ် အရွယ် မအေးတင် ၊ အသက် ၁၇ နှစ်အရွယ် မအိဇင်မိုး ၊ အသက် ၄၆ နှစ်အရွယ် ဒေါ်ချိုမာဝင်းနှင့် အမည်မသိ ပြည်သူ ၃ ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ၂၀၂၁ ခုနှစ် စစ်အာဏာသိန်းဆန့်ကျင်ဆန္ဒပြပွဲတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကျဆုံးသော ပြည်သူတစ်ဦး၏ နာရေး။
Photo – ဟိန်းအောင်/ဖိုတိုဒါန။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
![](https://yktnews.com/wp-content/uploads/2025/02/476237532_984314937129446_6556132444979658033_n.jpg)