32 C
Yangon

Khit Thit သတင်းဌာန၏ မေ ၂၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ၂၄ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
– နိုင်ငံတော်အကြီးအကဲတွေကို မင်းအောင်လှိုင်အလိုကျ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနကနေ လိမ်လည် အမှုဆင်ခဲ့တယ်လို့ ရန်ကုန်ခေတ်သစ်က စုံစမ်းသိရှိရပါတယ်။
– မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ၄၄ လက် အောက်ခံ၊ ခမရ ၂၀၇ တပ်ရင်း နဲ့ နယ်မြေရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ဒီကနေ့ မေလ ၂၄ ရက် မနက်အစောပိုင်း ၃ နာရီကျော်လောက်မှာ တပြိုင်နက် တိုက်ခိုက်ရာမှာတော့ စစ်ကောင်စီဘက်က တပ် ကြပ်ကြီး ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရသွားတယ်လို့ ကျိုက်ထို တော်လှန်ရေးအင်အားစုဆီကနေ သိရပါတယ်။
-မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေ-ကျွန်းချောင်းလမ်းမှာ အကြမ်းဖက် စစ်တပ် နဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ Light Truck ယာဉ်တစ်စီးကို PDF ပူးပေါင်းတပ်က မေလ ၂၃ ရက်နေ့မှာ မိုင်းဆွဲတို က်ခိုက်ခဲ့တယ်လို့သိရပါတယ်။
-မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ကျင်းရွာက ပြည်သူတွေ ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး ကိုအာကာ ထွေး ကို မေလ ၂၂ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနေ လာရောက်ဖမ်းဆီးသွားပြီး ရိုက်နှက်စစ်ဆေး မှုပြုလုပ်ပြီးတဲ့နောက် သေဆုံးသွားတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article