26 C
Yangon

သာပေါင်းမြို့နယ်တွင် တိုင်းဗဟို ၅ မှ တပ်ကြပ် သိန်းထွန်း AA ၏ စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး သေဆုံးရန် နောက်ဆုံးအခြေအနေ ရောက်ရှိ

Must read

သာပေါင်းမြို့နယ်တွင် တိုင်းဗဟို ၅ မှ တပ်ကြပ် သိန်းထွန်း AA ၏ စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး သေဆုံးရန် နောက်ဆုံးအခြေအနေ ရောက်ရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်၊ ရှေ့တန်းစစ်မျက်နှာပြင်တွင် စစ်ကောင်စီ၏ တိုင်းဗဟို ၅ လေ့ကျင့်ရေးတပ်မှ တပ်ကြပ် သိန်းထွန်း AA ၏ စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး အသက်အန္တရာယ်စိုးရိမ်နေရကာ နောက်ဆုံး အခြေအနေ ရောက်ရှိနေပြီဖြစ်ကြောင်း စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ ၇ ရက်နေ့ သာပေါင်းမြို့နယ်အတွင်း ရှေ့တန်းတွင် တပ်ကြပ် သိန်းထွန်းသည် AA တပ်၏ စနိုက်ပါဖြင့် ပစ်ခတ်မှုကို ခံလိုက်ရခြင်ဖြစ်ပြီး လက်ရှိ အသက်အန္တရာယ်စိုးရိမ်ရသဖြင့် ပုသိမ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ စစ်တပ်က သက်ဆိုင်ရာ မိသားစုကို နောက်ဆုံးအချိန်လာရောက်ရန် ခေါ်ယူထားပြီးဖြစ်ကြောင်း သိရှိရသည်။

“တပ်ကြပ် သိန်းထွန်းက အင်္ဂပူမြို့နယ် ကွင်းကောက်ဒေသ နွားခြံအုပ်စု ကုန်းတောင်နီရွာသားပါ။ တိုင်းဗဟို ၅ မှာ တာဝန်ကျရင်းနဲ့ သာပေါင်းရှေ့တန်းကို ထွက်ရတယ်။ ဖေဖော်ဝါရီ ၇ ရက်နေ့က သာပေါင်းမြို့နယ်၊ ရှေ့တန်းမှာ နောက်ကျောကို AA က စနှိုက်ပါနဲ့ ၂ ချက်ပစ်တယ်။ အခု သေဖို့များတယ်။ သူ့မိန်းမနဲ့ မိသားစုကိုလည်း နောက်ဆုံးခေါ်ယူထားပြီ” ဟု စစ်တပ်သတင်းရင်းမြစ်က ရှင်းပြသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့ကလည်း သာပေါင်းမြို့နယ်၊ သစ်ဖြူကျေးရွာစစ်တပ်စခန်းသို့ ရိက္ခာသွားရောက်ပေးပို့သည့် သာပေါင်းမြို့မ ရဲစခန်းမှူး ဒုရဲမှူး ဝင်းနိုင်ဦးသည် အာရက္ခတပ်တော်(AA)က ပစ်ခတ်သော စနိုက်ပါကျည်ထိမှန်သေဆုံးသွားခဲ့ပြီး အလောင်း ပင် ပြန်မကောက်ရဲသဖြင့် အလောင်းမပါဘဲ နာရေးရက်လည် ဆွမ်းသွပ်ရကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ သပိတ်ကျင်းတိုက်ပွဲတွင် သေဆုံးသွား မန္တလေး ပြည်သူ့စစ် ပြည့်စုံအောင်၏ နာရေး အသုဘ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article