24.6 C
Yangon

ငွေလိမ်ကျားဖြန့်ဂိုဏ်းများကို အကာအကွယ်ပေးနေသည့် BGF ခေါင်းဆောင် စောချစ်သူကို ထိုင်းအစိုးရက တရားစွဲဆို ဖမ်းဆီးအရေးယူရန် ထိုင်းလွှတ်တော်အမတ် တိုက်တွန်း

Must read

ငွေလိမ်ကျားဖြန့်ဂိုဏ်းများကို အကာအကွယ်ပေးနေသည့် BGF ခေါင်းဆောင် စောချစ်သူကို ထိုင်းအစိုးရက တရားစွဲဆို ဖမ်းဆီးအရေးယူရန် ထိုင်းလွှတ်တော်အမတ် တိုက်တွန်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် အခြေပြု၍ ကြီးထွားနေသော ကျားဖြန့်ဂိုဏ်းများကို အကာအကွယ်ပေးနေသည့် စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့် BGF ခေါင်းဆောင် စောချစ်သူကို ထိုင်းအစိုးရက တရားစွဲဆို ဖမ်းဆီးအရေးယူရန် ထိုင်းလွှတ်တော်အမတ် Rangsiman Rome က တိုက်တွန်းပြောဆိုလိုက်သည်။

ထိုင်းလွှတ်တော်အမတ်လည်းဖြစ်၊ Move Forward ပါတီ၏ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ်သူ Rangsiman Romeက သူ၏ လူမှုကွန်ရက်မှတစ်ဆင့် ယနေ့ အထက်ပါအတိုင်း ပြောဆိုတိုက်တွန်းလိုက်ခြင်းဖြစ်သည်။

“အစိုးရအနေနဲ့ ကျားဖြန့် ဂိုဏ်းတွေကို နှိမ်နင်းဖို့ လက်ရှိလုပ်ဆောင်နေတာထက် ပိုလုပ်ရမယ်လို့ ထပ်လောင်း ပြောကြားလိုပါတယ်။ မဟုတ်ရင် ပြီးမှာမဟုတ်ဘူး။ ဒီနေ့ အစိုးရအနေနဲ့ ကျားဖြန့် ဂိုဏ်းတွေကို ပြတ်ပြတ်သားသား နှိမ်နင်းဖို့ အဆိုပြုချင်ပါတယ်။ စောချစ်သူကိုကို တရားစွဲရမယ်။ စောချစ်သူကို ကျားဖြန့် ဂိုဏ်း၏ အကြီးအကဲတစ်ဦးအနေနဲ့ကို အစိုးရက အရေးယူဆောင်ရွက်ရပါမယ်” ဟု ထိုင်းလွှတ်တော်အမတ် Rangsiman Rome က ပြောဆိုသည်။

လက်ရှိအချိန်တွင် စောချစ်သူကို ပြင်းပြင်းထန်ထန်အရေးယူရမည့် အချိန်ကျရောက်နေပြီဖြစ်ကြောင်း၊ စောချစ်သူတွင် ကျားဖြန့်လုပ်ငန်းများနှင့်ဆက်နွယ် ပါဝင်ပတ်သက်နေသော ထိုင်းအရာရှိ၊ ဝန်ထမ်းများ၏ လျှို့ဝှက်ချက်များကို ကိုင်ဆောင်ထားသည်ဟုလည်း သိထားကြောင်း၊ ၎င်းကို ဖမ်းဆီးပါက ပါဝင်ပတ်သက်သူများကို ဆက်လက်ဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆို သည်။

ကျားဖြန့်ဂိုဏ်းများကြောင့် ထိုင်းနိုင်ငံ၏ ပုံရိပ်ထိခိုက်နေပြီး ဒုစရိုက်နေရာ မြို့ တော်ကို ဖယ်ရှားရမည်ဖြစ်ကြောင်း ထိုင်းလွှတ်တော်အမတ်က တိုက်တွန်းသည်။

ထိုင်းအစိုးရက ဖေဖော်ဝါရီလ ၅ ရက်နေ့မှစတင်၍ မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်၊ ဘုရားသုံးဆူနှင့်မြ၀တီမြို့များသို့ လျှပ်စစ်မီးနှင့် လောင်စာဆီတင်ပို့မှုများ ဖြတ်တောက်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article