ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀
မကွေးတိုင်း၊ မကွေးမြို့နယ်အတွင်းရှိ ပြည်သူပိုင် နေအိမ် ၁၀၀၀ ကျော်ကို ကျူးကျော်ဟုဆိုကာ တိုင်းဝန်းကြီးချုပ် တင့်လွင် ဦးဆောင်သော အဖွဲ့က ဖယ်ရှားသိမ်းဆည်းပြီး ယင်းမြေများကို Non-CDM ဝန်ထမ်းများကို ချထားပေးခြင်း၊ အကွက်ရိုက်၍ သိန်းရာဂဏန်းမှ ထောင်ဂဏန်းအထိ စျေးနှုန်းများဖြင့် ပြန်လည်ရောင်းစားခြင်းများ လုပ်ဆောင်နေကြောင်း နေအိမ်ဖျက်ဆီးခံရသည့် ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မကွေးမြို့နှင့် တဆက်တည်း ဖြစ်သော မြင်းခင်းကျေးရွာ၏ အနောက်ဘက်ရှိ မြေနေရာများ၊ မြင်းကင်းကျေးရွာ၏ အနောက်ဘက်ရှိ မြေနေရာများ ၊ မြင်းခင်းကျေးရွာ၏ အနောက်ဘက်ရှိ မြေနေရာများ ၊ မြင်းခင်းကျေးရွာ၏ အရှေ့ဘက် တိုင်းရင်းဆေးရုံလမ်းရှိ မြေနေရာများနှင့် မကွေးမြို့ သုခိတာလမ်းမကြီး တလျှောက်နှင့် တဆက်တည်းရှိ ချောင်းဖြူရွာ စိုက်ကွက်များ ကို အစိုးရပိုင်မြေပြင်ဟုဆိုကာ သိမ်းဆည်းပြီး ၀န်ကြီးချုပ် တင့်ဆွေ အပါအ၀င် ဌာနဆိုင်ရာ လူကြီးမင်းများက စနစ်တကျ အကွက် ဖော်ဆောင်၍ အထူးအိမ်ရာဟု ဆိုကာ ပြန်လည်ရောင်းချနေကြောင်း သိရသည်။
အဆိုပါ မြေနေရာများရှိ ပြည်သူပိုင် နေအိမ် ၁၀၀၀ ကျော်ကို အစိုးရပိုင် မြေနေရာဟုဆိုကာ ပိုင်ရှင်များကိုကျုးကျော်ဆိုပြီး လက်မှတ်ထိုးခိုင်း ပြီးတော့ နှင်ထုတ်နေခြင်းဖြစ်ကြောင်း၊ ထိုမြေနေရာများကို ခရိုင် အုပ်ချုပ်ရေးမှူး မောင်ထူး၊ မကွေးခရိုင် စည်ပင် မြေစာရင်းနှင့် ထွေအုပ်၀န်ထမ်းများက ပွဲစားလုပ်၍ မြေနေရာ အကွက်များ ထောင်ချီ ရိုက်ထုတ်၍ တစ်ကွက်လျှင် သိန်းရာဂဏန်းမှစ၍ သိန်း ၁၀၀၀ အထိစျေးခေါ် ပြန်လည်ရောင်းချနေခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် သုခိတာ လမ်းမကြီး တလျှောက်ရှိ အိမ်ခြေ ၅၀ ၀န်းကျင်နှင့် တဆက်တည်း နီးစပ်သော ချောင်းဖြူရွာရှိ စိုက် ပျိုးမြေ ၁၀ ဧက ကို ဖျက်ဆီးနေပြီး မြေဆုံးရှုံးသူများထဲတွင် Non CDM ဝန်ထမ်များ ပါဝင်ပါက မြေအစားပြန်ပေးပြီး ကျန်သူများကို အစားပြန်မပေးကြောင်း၊ ထို့ပြင် အဆိုပါ မြေနေရာများကို မကွေးခရိုင် နှင့် မြို့နယ်ထွေ/အုပ် ဝန်ထမ်းများ၊ စည် ပင်၀န်ထမ်းများနှင့် မြေစာရင်းဌာနမှ သက်ဆိုင်ရာကွင်းများကို ကိုင်ထားသော ၀န်ထမ်းများကိုလည်း မြေကွက်များ ချထားပေးကြောင်း သိရသည်။
“အဲမြေနေရာတွေမှာ တိုင်း၀န်ကြီးချုပ် အပါအ၀င် ဌာနဆိုင်ရာ လူကြီးမင်းတွေ စနစ်တကျ အကွက်လှလှများ ဖော်ဆောင်ထားတဲ့ အထူးအိမ်ယာ တွေလည်း ပါပါတယ်။ အခု မြေနေရာတွေကို ရှယ်တွေယူပြီး အုတ်တံတိုင်း ခတ်ထားကျပါတယ်။ အခု ချက်ချင်းနောက်ဆုံးသိမ်းတာက မကွေးမြို့ သုခိတာလမ်းမကြီးတလျှောက်က တဆက်တည်း ချောင်းဖြူရွာ စိုက်ကွက်တွေနေရာတွေပါ။ ပြည်သူတွေက ပြောရင်လည်း အစိုးရပိုင်နယ်မြေတဲ့ ပိုင်ရှင်တွေကို ကျူးကျော်ဆိုပြီး လက်မှတ်ထိုးခိုင်းပြီးတော့ နှင်ထုတ် ပြီးရင်အကွက်တွေ ရိုက်ရောင်းစားကြတာ အကွက်တွေ ထောင်ချီရိုက် တကွက်ကို သိန်း ၁၀၀၀ နဲ့ အထက် ရှိသွားပါပြီ ၀ယ်တဲ့သူတွေကလည်း၀ယ်ကြတယ်။ မြို့ပေါ်မှာ ကွက်အသစ် ဖော်ဆောင်ထားတဲ့ နေရာက ၄ ခုရှိတယ်။ မြို့ပြင်မှာ ၂ နေရာရှိတယ်။ အားလုံးပေါင်း ၆ နေရာမှာ အဲလို မြေကွက်ဖော်ပြီး ရောင်းစားနေတယ်။ သူတို့ ဖျက်ဆီးသွားတဲ့ အိမ်ခြေ အရေအတွက်က ထောင်ချီရှိတယ်။ သိမ်းထားတဲ့ မြေဧရိယာ ၁၀၀ အထက်ရှိပါတယ်။ ခုတော့အိမ်ခြံ မြေပွဲစားတွေ လက်ညှိုးထိုးသမျှ အကုန်လိုက်သိမ်းနေတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
မကွေးတိုင်းစစ်ကောင်စီ၏ နေအိမ်များကို ဖျက်သိမ်းအရေးယူနေမှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသော ပြည်သူထောင်ချီရှိနေပြီဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
![](https://yktnews.com/wp-content/uploads/2025/02/476836096_987494906811449_1544927924818388122_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/477468503_987495010144772_7321852823686618143_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476833977_987495196811420_7525744016750195417_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476805883_987495246811415_840043253092347645_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476245765_987495390144734_238568187357542303_n.jpg)