ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်းရမယ့် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ရှိတဲ့ အလုပ်သမား လူငယ်တွေကို စစ်မှုထမ်းတဲ့အချိန် အလုပ်ရှင်တွေက လစာပေးထားဖို့ သတ်မှတ်လိုက်တဲ့အပေါ် လုပ်ငန်းရှင်တွေဘက်က လိုက်နာဖို့ခက်ခဲနေပြီး လူငယ်တွေကို အလုပ်ဆက်ခန့်ဖို့ မဖြစ်နိုင်တော့ဘူးလို့ လှိုင်သာယာနဲ့ ရွှေပြည်သာ အပါအဝင် စက်မှုဇုန်တချို့ရဲ့ လုပ်ငန်းရှင်တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ ခလရ ၂၅ တပ်ရင်းက စစ်မှုထမ်း တပ်သားသစ် ၅ ဦးဟာ လက်နက်နဲ့အတူ ထွက်ပြေးလာပြီး တော်လှန်ရေးတပ်တွေဆီမှာ အလင်းဝင် ရောက်လာသလို ၊ တစ်ဖက်က ရေဦးမြို့နယ်မှာလည်း စစ်ကောင်စီရဲ့ သံချပ်ကာ တပ်ရင်းက ဗိုလ်ကြီးအောင်ဟိန်းထက် ဆိုသူလည်း တော်လှန်ရေးတပ်တွေဆီမှာ အလင်းဝင်ရောက်လာတယ်လို့ သက်ဆိုင်ရာ တော်လှန်ရေးတပ်တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ကရင်ပြည်နယ်က ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို အကာအကွယ်ပေးနေတဲ့ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ BGF ခေါင်းဆောင် စောချစ်သူကို ထိုင်းအစိုးရကနေ တရားစွဲဆို ဖမ်းဆီးအရေးယူဖို့ ထိုင်းနိုင်ငံရဲ့ Move Forward ပါတီ ထိုင်းလွှတ်တော်အမတ်က တိုက်တွန်းနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
![](https://yktnews.com/wp-content/uploads/2025/02/13295944970674759543.jpg)