26 C
Yangon

လယ်ဒိုရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရကာ နေအိမ်များ ပျက်စီး၊ သီပေါတွင်လည်း မိုင်းပေါက်ကွဲမှုကြောင့် ပြည်သူ ၁ ဦးသေဆုံး

Must read

လယ်ဒိုရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရကာ နေအိမ်များ ပျက်စီး၊ သီပေါတွင်လည်း မိုင်းပေါက်ကွဲမှုကြောင့် ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

ပဲခူးတိုင်း၊ လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ပိန်းဇလုပ် အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခလရ ၂၆၄ တပ်ရင်းက ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ နေအိမ် ၃ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ပိန်းဇလုပ် အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခလရ ၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ငဖယ်အင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ ပြည်သူ နော်ဒေးပလာ ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ယင်းနေ့တွင် ခလရ ၂၆၄ တပ်ရင်းက တောင်ခင် ကျေးရွာ ၊ ကြိတ်ကွင်းကျေးရွာ နှင့် ကညင်ကျွန်း ကျေးရွာ တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၃၀ နှစ်အရွယ် နော်၀ါ၀ါထွန်း ထိခိုက်သေဆုံးခဲ့ပြီး ဒေါ်ခိုင်၀ါလွင် ၊ ဦးသိန်းသိန်း နှင့် ဦးဇင်မျိုးလှိုင်တို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၄ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် သီပေါမြို့တွင် အမျိုးသား ၁ ဦးက အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထောင်ထားသော မိုင်း ၁ လုံးကို ကောက်ယူဆော့မိရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ၁ ဦး ပွဲချင်းပြီးသေဆုံးကာ ၁ ဦး မိုင်းစထိမှန် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် သီပေါ မြိုပြင်ရှိ အကြမ်းဖက် စစ်တပ် စခန်းချခဲ့ဖူးသည့် မြရွှေဂူဘုန်းကြီးကျောင်းဘေးတွင် ကိုမူဆာ ဆိုသူသည် နင်းမိုင်းတစ်လုံးတွေ့ရှိ ကောက်ယူဆော့မိရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ ထိုပေါက်ကွဲမှုကြောင့် အသက် ၂၄ နှစ်အရွယ် ကိုမူဆာဆိုသူ၏ ၀မ်းဗိုက်နှင့် လက်နှစ်ဘက်ပြတ်ကာ ပြင်းထန် ဒဏ်ရာရရှိပြီး နေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ အသက် ၁၇ နှစ်အရွယ် မတင့်တင့်ထွန်းဆိုသူမှ မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article