Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁၁ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ် ကံမြင်ကန်နဲ့ ဂုတ်စည်းရိုးတိုက်ပွဲမှာ အမှတ် ၉၉ ခြေလျင်တပ်မ ဌာနချုပ်က ယာယီနည်းဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီးကျော်ကျော်သက်ကို AA က အရှင်ဖမ်းဆီး ရရှိခဲ့တယ်လို့ AA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ကျောက်ခက်ဒေသက တရုတ်ကျားဖြန့်ဂိုဏ်းတွေထဲမှာ ပါကစ္စတန် နိုင်ငံသား ၅ ဦးထက်မနည်း လူကုန်ကူးခံရထားပြီး နှိပ်စက်ခံနေရတယ်လို့ Khit Thit Media က မနေ့က သတင်းတွေ ဖော်ပြခဲ့ရာ အဲဒီသတင်းမှာပါတဲ့ ပါကစ္စတန်နိုင်ငံသားတချို့အပါအဝင် လူကုန်ကူးခံထားရတဲ့ နိုင်ငံခြားသား ၅၀ ဦးကျော်ကို ကယ်ဆယ်ထားနိုင်ပြီလို့ DKBA အမှတ် ၁ စစ်ဒေသ ကွပ်ကဲရေးမှူးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောပျူစောထီးရွာက အငတ်ဘေးကြုံကာ ထွက်ပြေးလာတဲ့ ပြည်သူ ၇ ဦးကို PDF ရဲဘော်တွေ ကယ်ထုတ်ပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
![](https://yktnews.com/wp-content/uploads/2025/02/Screenshot-46.jpg)