30 C
Yangon

ဖယ်ခုံ၊ မိုးဗြဲအင်းအရှေ့ဘက်ခြမ်းတွင် ၁၀ ရက်အတွင်းတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၃၀ ဦးထက်မနည်းသေဆုံး၊ ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ၃ ဦး ကျဆုံး

Must read

ရန်ကုန်၊ မေ ၂၅

ရှမ်း-ကရင်နီအစပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲအင်းအရှေ့ဘက်ခြမ်းတွင် မေလ ၁၅ ရက်မှ စတင်ကာ ဖြစ်သွားသော တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၃၀ ဦးထက်မနည်းသေဆုံးကာ KNDF ရဲဘော် ၁ ဦးနှင့် ဖယ်ခုံ PDF တပ်ရင်း ၂ မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

မေလ ၁၂ ရက်နံနက်တွင် ထီရိကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်ပါးစေ PNO ပြည်သူ့စစ်များ တပ်စွဲထားသော ဂိတ်စခန်းကို ကရင်နီပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်နှင့် PNO ဘက်မှ ဗိုလ်မှူးအပါအဝင် ၁၅ ဦးသေဆုံးကာ ၅ ဦးကို ကရင်နီတပ်ဖွဲ့များက အရှင်ဖမ်းမိခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် အင်အားအလုံးအရင်းဖြင့် အင်းအရှေ့ဘက်ခြမ်းကျေးရွာများကို ထိုးစစ်ဆင်လာပြီး တိုက်ပွဲများ ပြင်းထန်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ မေလ၂၄ ရက် နံနက် ၄ နာရီ ၂၀ ခန့်တွင် ဆီးမီးလော့ရွာ တောင်ဘက်ရှိ စစ်ကောင်စီတပ်စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲများမှ သွားရောက်ရှင်းလင်းခဲ့ရာ စစ်သားများသည် ဆုတ်ခွာသွားသော်လည်း မြေမြှုပ်မိုင်းများ ထောင်ခဲ့ခြင်းကြောင့် ကရင်နီပူးပေါင်းတပ်ဖွဲ့က ရှင်းလင်းခဲ့ရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၃ က သတင်းထုတ်ပြန်သည်။

အဆိုပါစခန်းကို ကရင်နီတပ်ဖွဲ့က ရှင်းလင်းနေစဉ် မိုးဗြဲအခြေစိုက် စစ်ကောင်စီ၏ ခမရ ၄၂၂ တပ်ရင်းမှ လက်နက်ကြီးများ တရစပ်ပစ်ခတ်ခဲ့ကြောင်း KNDF တပ်ရင်း ၃ က ဆိုသည်။

မိုးဗြဲအင်းအရှေ့ဘက်ကမ်းတွင် ဖြစ်ပွားသော တိုက်ပွဲများတွင် အကြမ်းဖက်စစ်တပ်ကို KNDF တပ်ရင်း ၃၊ တပ်ရင်း ၂၊ တပ်ရင်း ၁၁၊ ကရင်နီတပ်မတော် KA၊ SSRY၊ ဖယ်ခုံ PDF တပ်ရင်း ၂ တို့က ပူးပေါင်းခုခံတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article