26 C
Yangon

မြိုင်နှင့် ပေါက် အစပ်ကို စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးပြီး PDF တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး၊ စစ်တပ်က ပြည်သူ ၁ ဦးကို မီးရှို့သတ်ဖြတ်ပြီး ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီး

Must read

မြိုင်နှင့် ပေါက် အစပ်ကို စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးပြီး PDF တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး၊ စစ်တပ်က ပြည်သူ ၁ ဦးကို မီးရှို့သတ်ဖြတ်ပြီး ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးပြီး PDF တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ကြောင်း အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ပေါက်မြို့နယ်၊ ကုက္ကိုစုကျေးရွာမှ ထွက်လာသော အင်အား ၃၀၀ ခန့်ပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပေါက်မြို့နယ်၊ ကျောက်လုံးကျေးရွာအနီးတွင် ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့်ကြာမြင့် ခဲ့ပြီး စစ်သား ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်းနေ့ ည ၁၀ နာရီခန့်တွင် ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ် အစပ်တစ်နေရာတွင် ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိကာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်း အဖွဲ့ များဘက်မှ TYK (သရက်ကန်) ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုမြင့်သူ (ခ) ကိုကုလား ကျဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စစ်ရေးကို အညာမြေတပ်ပေါင်းစုနှင့်အတူ TYK (သရက်ကန်)ပျောက်ကြားတပ်ဖွဲ့၊ ဝံပုလွေ ပျောက်ကြားတပ်ဖွဲ့၊ မြိုင် ပကဖ၊ မြိုင် ပကဖ (တပ်ရင်း ၁) ၊ ပခုက္ကူခရိုင်တပ်ရင်း ၁၊ တပ်ရင်း ၂၊ တပ် ရင်း ၇ ၊ စင်္ကြာတပ်ဖွဲ့ ၊ Union brother ၊ God of Myaing ၊ နံ့သာမြေ စသည့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်း ဖေဖော်ဝါရီလ ၃ ရက်နေ့က ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ မှ ထွက်ခွာလာခြင်းဖြစ်ပြီး အညာမြေ တပ်ပေါင်းစု စခန်း ၁ ခုအား မီးရှို့ ဖျက်ဆီးခြင်း၊ စစ်ကြောင်း ထိုးရာ လမ်တလျှောက်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခြင်း၊ ပြည်သူများကို ပစ်ခတ်ခြင်း တို့လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် မြိုင်မြို့နယ်အတွင်းနေ အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထို့ပြင် မကျည်စင်ကျေးရွာမှ ကိုစိုးဝင်းကိုလည်း သတ်ဖြတ်ခဲ့ကြောင်း၊ စစ်သားများ၏ မီးရှို့မှုကြောင့် မကျည်းစင်ရွာနှင့် သနပ်ပင်ဇင်းရွာတို့မှ နေအိမ် အလုံး ၅၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် မြိုင်မြို့နယ်၊ စက် မှု ၂ အတွင်းသို့ ဝင်ရောက်သွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article