35 C
Yangon

မရမ်းကုန်းမြို့နယ် အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မပေါက်ကွဲသေးသည့် ပြင်းအားမြှင့်မိုင်း ၁ လုံးရှိနေ၍ ပြည်သူများ ရှောင်ရှား သွားလာကြရန် UG ရဲဘော်များ အသိပေး

Must read

မရမ်းကုန်းမြို့နယ် အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မပေါက်ကွဲသေးသည့် ပြင်းအားမြှင့်မိုင်း ၁ လုံးရှိနေ၍ ပြည်သူများ ရှောင်ရှား သွားလာကြရန် UG ရဲဘော်များ အသိပေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မပေါက်ကွဲသေးသည့် ပြင်းအားမြှင့်မိုင်း ၁ လုံးရှိနေ၍ ပြည်သူများ ရှောင်ရှား သွားလာကြရန် Yangon UG People Army-YUPA အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ည ၉ ခန့်တွင် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ကားဝင်းအတွင်းရှိ အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို Yangon UG People Army-YUPA အဖွဲ့က ပြင်းအားမြှင့်မိုင်း ၁ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သော်လည်း မိုင်းပစ္စည်းချို့ယွင်းမှုကြောင့် ပေါက်ကွဲမှု မရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြည်သူများ အနေဖြင့် အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးကို သွားလာခြင်းမပြုလုပ်ရန် အကြမ်းဖက် စစ်ကောင်စီ တပ်သားများရှိရာ နေရာများကို ရှောင်ရှားသွားလာကြရန် Yangon UG People Army-YUPA အဖွဲ့က အသိပေး ပြောဆိုထားသည်။

“ပြည်သူတွေအနေနဲ့ အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အနီးကို သတိထား သွားလာကြဖို့နဲ့ ဆက်လက်ပြီး ကျနော်တို့ အနေနဲ့ မြို့ပြမစ်ရှင်တွေကို အရှိန်မြှင့်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အသိပေးပြောချင်ပါတယ်” ဟု Yangon UG People Army-YUPA အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

YUPA ရဲဘော်များ အနေဖြင့် ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး မြို့ပြမစ်ရှင်များကို အရှိန်မြှင့် လုပ်ဆောင်မည် ဖြစ်၍ ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများရှိရာ နေရာများကို ရှောင်ရှားသွားလာကြရန် Yangon UG People Army-YUPA အဖွဲ့က အသိပေး နှိုးဆော်ထားသည်။

ဓာတ်ပုံ – မရမ်းကုန်းမြို့နယ် အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article