ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ဆောင် နှင့် အဆောက်အဦးများ ပျက်စီး
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ဆောင်နှင့် အဆောက်အဦးများ ပျက်စီးခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်က ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းတစ်နေရာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း စာသင်ဆောင် ၁ ခု နှင့် အဆောက်အဦး ၄ လုံး ပျက်စီးခဲ့ကြောင်း၊ ပြည်သူများ ထိခိုက်မှုရှိမရှိကြောင်း သိရှိရသည်။
“ကျနော်တို့ လက်ရှိအချိန်ထိတော့ ပြည်သူတွေ အထိအခိုက်မရှိဘူးလို့ သိထားရပါတယ်” ဟု ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
photo credit – 𝐤𝐚𝐦𝐋𝐚𝐚𝐭-𝐊𝐚𝐲𝐚𝐡 𝐈𝐃𝐏𝐬 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐜𝐞 𝐍𝐞𝐭𝐰𝐨𝐫𝐤
![](https://yktnews.com/wp-content/uploads/2025/02/478180647_989786346582305_598943335907810348_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/478403977_989786329915640_3162115471806959012_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/477959996_989786239915649_1143094623733674797_n.jpg)