ချောက်မြို့နယ်၊ မကျီးကုန်းရွာ အနီးတွင် စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး
မကွေးတိုင်း၊ ချောက်မြို့နယ်၊ မကျီးကုန်းရွာအနီးတွင် စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Chauk Revolution Army မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်ခန့်တွင် စလေမြို့နယ်၊ တောင်သာလမ်းခွဲမှ ဖောကား ၁ စီး၊ ကားလေး ၁ စီး၊ ဆိုင်ကယ် ၄ စီးဖြင့် ထွက်လာသော အကြမ်းဖက် စစ်ယာဉ်တန်းကို ချောက်မြို့နယ်၊ မကျီး ကုန်းကျေးရွာတောင်ဘက် အရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၇ ဦးထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။
“စလေမြို့နယ်၊ တောင်သာလမ်းခွဲဂိတ်ကနေ တက်လာတာဟုတ်ပါတယ်။ အင်အားက စုစုပေါင်း ဆိုရင် ၄၀ လောက်ရှိပါတယ်။ မိုင်းဆွဲတဲ့နေရာ အနီးပတ်ဝန်းကျင်မှာ တိုက်မိုင်းတွေပါ အသင့်ထောင် ထားတာမို့ ထပ်တိုးမိပြီးသေဆုံးထိခိုက်တာများတယ်လို့ သတင်းရထားပါတယ်” ဟု Chauk Revolution Army မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Chauk Revolution Army ( CRA ) ၊ KDF ၊ ဒေါင်းစစ်သည် ပြောက်ကျား တပ်ဖွဲ့ နှင့် မဟာမိတ်များပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများမှာလည်း ရှေ့ မတိုးရဲတော့ပဲ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
![](https://yktnews.com/wp-content/uploads/2025/02/477251946_989890503238556_1189032174967029817_n.jpg)