26 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်မှာ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကိုကာကွယ်ပေးထားတဲ့ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့တွေက ရွှေက္ကိုလ်မှာ လူကုန်ကူးခံရသူတွေကို သူတို့ကပြန်ပြီး လိုက်လံ ရှာဖွေ စစ်ဆေးပြနေပြန်တယ်လို့ အဲ့ဒီ့ဒေသမှာ အလုပ်လုပ်နေတဲ့ မြန်မာတချို့က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • စစ်ကိုင်းတိုင်းက ကလေးမြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ မဏိပူရ မူးမြစ်ကူးတံတား စစ်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ၊ စစ်ကောင်စီဘက်က သေတဲ့သူတွေတော်တော်ကိုများထားသလို ၊ အရှင်ဖမ်းဆီးရမိထားတဲ့သူတွေလည်း ရှိပြီး လက်နက် ခဲယမ်း အမြောက်အများကို သိမ်ဆည်းရရှိထားပြန်တယ်လို့ CDF KKG တပ်ဖွဲ့ ရဲ့ တာဝန်ခံက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို သူတို့ကသာ စောင့်ရှောင်နေရပါတယ်ဆိုပြီး ပြောဆိုနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကပဲ မွန်ပြည်နယ် ကျိုက်ထို၊ ကျေးရွာ ၂ ခုက ဘုရားစေတီတွေနဲ့ ဘုန်းကြီးကျောင်း တွေအပါအဝင် ဘာသာရေးအဆောက်အအုံတွေနဲ့ စာသင်ကျောင်းတွေကိုပါ လေယာဉ်နဲ့ ဗုံးကျဲ ဖျက်ဆီးသွားပြီး အရပ်သားပြည်သူ ၃ ဦးလည်း သေဆုံးခဲ့ရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article