26 C
Yangon

အရာတော်ရှိ အမတ ၃၆၉ တပ်ရင်းနှင့် မြိုင် ကန်နီရွာရှိ ပျူစောထီး အထိုင်စခန်းတို့ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

Must read

အရာတော်ရှိ အမတ ၃၆၉ တပ်ရင်းနှင့် မြိုင် ကန်နီရွာရှိ ပျူစောထီး အထိုင်စခန်းတို့ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ အမတ ၃၆၉ တပ်ရင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း Snipe Rangers Force (Local – PDF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် အရာတော်မြို့နယ် အတွင်းရှိတဲ့ အမတ ၃၆၉ တပ်ရင်း Snipe Rangers Force (Local – PDF) နှင့် မဟာမိတ် တပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ၆၀ မမ လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း လက်နက်ကြီးကျည်များသည် အမတ ၃၆၉ တပ်ရင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

” စစ်ခွေးသေဆုံးမှုကိုတော့ မသိရသေးပါဘူး။ လက်နက်ကြီး ၃ လုံး စလုံး တပ်ရင်းထဲကိုတော့ ကျရောက်ပေါက်ကွဲခဲ့ပါတယ်” ဟု Snipe Rangers Force (Local – PDF) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Snipe Rangers Force (Local – PDF) နှင့် Special Revolution Force (ဒေါင်းညီနောင်) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ် ကန်နီရွာရှိ ပျူစောထီး အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲ မှ ရဲဘော် MC က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မြိုင်မြို့နယ် ကန်နီရွာရှိ ပျူစောထီး အထိုင်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခုက သရက်ကွရွာက ပျူတွေကို ကန်နီမှာ သင်တန်းပေးနေတယ်သတင်းရလို့ ဒရုန်းနဲ့ချတာပါ။ အဲရွာကိုလည်း စစ်ခွေး စစ်ကြောင်းတွေ ရောက်လာတာတွေရှိတော့ စစ်အင်အားကတော့ အတိအကျ မပြောတတ်ဘူး။ စစ်ခွေး သေစာရင်းကတော့ မသိရ‌ပါဘူး။ ဒရုန်း ကလည်း တစ်စီးတစ်ခေါက်ပဲချပြီး Jammer နဲ့ ညှိ ပါသွားလို့ပါ။ စာသင်ကျောင်းထဲနဲ့ စာသင်ကျောင်းဘေးက အိမ်ဝင်းထဲတစ်လုံးကျတယ်လို့ပဲ သိရပါတယ်။ အဆောက်အဦး ပျက်စီးမှုကတော့ မသိရသေးဘူး။ Drone သင်တန်းသားတွေကို လက်တွေ့မြေပြင်မှာ စမ်းသပ်ရင်း စီစဉ်ပြီး လုပ်ဆောင်ခဲ့တာပါ”ဟု ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲမှ ရဲဘော် MC က ပြောဆိုသည်။

ထိုတိုက်ခိုက်မှုအတွင်း တော်လှန်ရေး တပ်ဖွဲ့များဘက်မှ ဒရုန်း ၂ စီး ဆုံးရှုံးခဲ့ပြီး ယင်းတိုက်ခိုက်မှုကို ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲ နှင့် မြို့နယ် ပကဖ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article