33 C
Yangon

တနင်္သာရီမြို့နယ်ရှိ ကျေးရွာ ၈ ရွာတွင် တိုက်ပွဲများ ဖြစ်ပွားနေ၍ ပြည်သူများ စစ်တပ် စစ်ကြောင်းနှင့် ပတ်သက်ခြင်း မပြုလုပ်ရန် မြိတ်ခရိုင် စစ်ကြောင်း ၁ က အသိပေး

Must read

တနင်္သာရီမြို့နယ်ရှိ ကျေးရွာ ၈ ရွာတွင် တိုက်ပွဲများ ဖြစ်ပွားနေ၍ ပြည်သူများ စစ်တပ် စစ်ကြောင်းနှင့် ပတ်သက်ခြင်း မပြုလုပ်ရန် မြိတ်ခရိုင် စစ်ကြောင်း ၁ က အသိပေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ ကျေးရွာ ၈ ရွာတွင် တိုက်ပွဲများ ဖြစ်ပွားနေ၍ ပြည်သူများ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ပတ်သက်ခြင်း မပြုလုပ်ရန် အသိပေးလိုကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလပိုင်းမှ စတင်၍ တနင်္သာရီမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကျေးရွာများကို ဆက်တိုက်စီးနင်းပြီး အရပ်သား ပြည်သူ ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ကာ နေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေ၍ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ မှ တော်လှန်ရေး ရဲဘော်များက အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို လိုက်လံ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်း စစ်ကြောင်းသည် နေရာများခွဲ၍ စစ်ကြောင်းထိုးနေသောကြောင့် တနင်္သာရီမြို့နယ် အတွင်းရှိ ညောင်ပင်ကွင်းကျေးရွာ၊ ထုံမခါကျေးရွာ၊ ထုံတော်ကျေးရွာ၊ သိမ်ခွန်းကျေးရွာ၊ ငါးမိုင်ကျေးရွာ၊ ခြောက်မိုင်ကျေးရွာ၊ ကွင်းသစ်ကျေးရွာ၊ ဗောဓိကမ်းကျေးရွာ စသည့် ကျေးရွာအနှံ့အပြားတွင် ထိတွေ့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ကြောင့် ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေသော ကျေးရွာများတွင် နေထိုင်သော ကျေးရွာနေ ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ တပ်သားများ နှင့် လုံးဝ(လုံးဝ) ပတ်သက်ခြင်းမပြုလုပ်ဘဲ ဝေးဝေးတွင်သာ နေထိုင်ကြရန်နှင့် လိုက်နာမှုမရှိပါက ထိခိုက်မှုများဖြစ်ပေါ်လာလျှင် မိမိတာဝန်သာဖြစ်ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ က အသိပေး ထုတ်ပြန်ထားသည်။

“တနင်္သာရီမြို့နယ်အတွင်းက ကျေးရွာ ၈ ရွာမှာ ထိတွေ့ တိုက်ပွဲတွေက ပြင်းထန်နေတယ်။ အဲတာကြောင့် ကျေးရွာများမှာ နေထိုင်တဲ့ ပြည်သူတွေအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ နဲ့ လုံးဝ(လုံးဝ) ပတ်သက်ခြင်းမပြုလုပ်ဘဲ ဝေးဝေးနေပေးကြဖို့ လေးစားစွာ အထူးသတိပေး ထုတ်ပြန်တာပါ လိုက်နာမှုမရှိဘဲ ထိခိုက်မှုတွေ ဖြစ်ပေါ်လာလျှင် မိမိတာဝန်သာဖြစ်တယ်လို့ ထပ်မံသတိပေးလိုတယ်” ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article