26 C
Yangon

ဘုတ်ပြင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်သားများကို ၃ ရက်ဆက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားပြီး စစ်တပ်ဒရုန်း ၂ စီးကို ပစ်ချ ဖျက်ဆီး

Must read

ဘုတ်ပြင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်သားများကို ၃ ရက်ဆက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားပြီး စစ်တပ်ဒရုန်း ၂ စီးကို ပစ်ချ ဖျက်ဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၃ ရက်ဆက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားပြီး စစ်တပ်ဒရုန်း ၂ စီးကို ပစ်ချ ဖျက်ဆီးနိုင်ခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် ဘုတ်ပြင်းမြို့နယ်၊ ဘိုးဒါးကျေးရွာအနီးကို အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်း ထိုးလာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို အသင့်ပြင်ဆင်ထားသော မိုင်းများဖြင့် မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသော စစ်သား များကို ဘုတ်ပြင်းမြို့နယ်ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၈ နာရီ ၁၀ မိနစ်ခန့်တွင်လည်း ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ချောင်းမွန်ကျေးရွာအနီးရှိ ဒေသအခေါ် R Zero(အာရ်ဇီးရိုး) နေရာကို အင်အား ၁၀၀ ခန့်ဖြင့် ထပ်မံ စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်ကောင်စီတပ်သားများက ကင်းထောက်ဒရုန်း ၁ စီးဖြင့် လိုက်လံ ထောက်လှမ်းနေစဉ် ပစ်ခတ်ခဲ့ရာ ပျက်ကျ သွားကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင်လည်း ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ချောင်းမွန်ကျေးရွာအနီးရှိ ဒေသအခေါ် R Zero(အာရ်ဇီးရိုး) နေရာကို ထပ်မံ ထိုးစစ်ဆင်လာသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး ပူးပေါင်းအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၇ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းနေ့ မွန်းလွဲ ၂ နာရီခန့်တွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ နှင့် ထပ်မံ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ညနေ ၄ နာရီ မိနစ် ၅၀ အချိန်အထိ ကြာမြင့်ခဲ့ကာ ယင်းတိုက်ပွဲတွင်လည်း စစ်သား ၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိပြီး စစ်တပ်၏ တိုက်ခိုက်ရေး ဒရုန်း ၁ စီးကို ပစ်ချ ဖောက်ခွဲနိုင်ခဲ့ကြောင်း၊ ညနေ ၅ နာရီခန့်တွင်လည်း ထိတွေ့ တိုက်ပွဲ ထပ်မံ ဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ်သား ၂၄ ဦးထက်မနည်း သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး တိုက်ခိုက်ရေးဒရုန်း ၂ စီးကို ပစ်ချ ဖျက်ဆီးနိုင်ခဲ့ကာ မပေါက်ကွဲသေးသည့် ၆၀ မမ ဗုံးသီး ၁ လုံးကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA အမှတ် ၂၀၃ တပ်ရင်းမှ အမှတ် ၂ တပ်ခွဲ၊ အမှတ် ၃ တပ်ခွဲ၊ KNU ပြည် သူ့စစ်အဖွဲ့၊ ကော့သောင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ တပ်ရင်း၊ ဘုတ်ပြင်း မြို့ နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ (Flying Star Foce) နှင့် ဘုတ်ပြင်းမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article