ဒီကနေ့ ဖေဖော်ဝါရီ ၁၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက် မင်းအောင်လှိုင်အပါအဝင် စစ်အုပ်စုနဲ့အတူ အာဂျင်တီးနားတရားရုံးက ထုတ်တဲ့ဖမ်းဝရမ်းထဲမှာ ထည့်သွင်းထားတာကို ပြန်လည် ဖယ်ထုတ်နိုင်ရေးအတွက် NUG ကနေ နည်းလမ်းအားလုံးကို အသုံးပြုသွားမှာဖြစ်တယ်လို့ NUG ဝန်ကြီး ချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မြန်မာ့အကျပ်အတည်းကို အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နဲ့အတူ ဖြေရှင်းရေးအတွက် ဘရူနိုင်း ဘုရင်၊ မလေးရှားဝန်ကြီးချုပ်နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့ တွေ့ဆုံဆွေးနွေး ခဲ့ကြတယ်လို့ မလေးရှားဝန်ကြီးချုပ်က သူရဲ့ လူမှုကွန်ရက်ကနေတစ်ဆင့် သတင်းထုတ်ပြန် ထားပါတယ်။
- အကြမ်းဖက် စစ်ကောင်စီက ရန်ကုန်လေဆိပ်မှာ PJ နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပထွက် အလုပ်လုပ်မယ့် မြန်မာနိုင်ငံသား အားလုံးကို ပြည်ပထွက်ခွင့် ယာယီရပ်ဆိုင်းလိုက်တဲ့အတွက် အလုပ်သမား အယောက် ၁၀၀၀ ကျော် လေဆိပ်ကနေ လှည့်ပြန်ခဲ့ရပြီး ၊အလုပ်သမားအားလုံးကို သူတို့စစ်ကောင်စီဘက်က အမိန့်အသစ်မထွက်မချင်း ယာယီ ရပ်ဆိုင်းထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
