30 C
Yangon

တောင်သာ၊ ထနောင်းကုန်း ပျူစောထီးရွာကို တိုက်ခိုက်မှု စစ်သား အလောင်း ၂ လောင်းနှင့် သေနတ် ၃ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ထနောင်းကုန်း ပျူစောထီးရွာကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား အလောင်း ၂ လောင်းနှင့် သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း PLA အနောက်မြောက်စစ်ဒေသမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်အချိန် တောင်သာမြို့နယ်၊ ထနောင်းကုန်း ပျူစောထီးကျေးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲ ၁ နာရီခွဲခန့် ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဘန်ကာများကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား အလောင်း ၂ လောင်းကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်ဘက်မှလည်း Mi-35 လေယာဥ်ဖြင့် မိနစ် ၃၀ ခန့် လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယင်း စစ်တပ် ဘန်ကာများအတွင်းမှ ကာဘိုင် ၂ လက်၊ KIAထုတ် KA ၁ လက် ၊ ပွိုင့် ၂၂ လက်လုပ် အတို ၂ လက် ၊ MG 1 လက်ပစ်ဗုံး ၁လုံး ၊ ကာဘိုင် ကျည်ဘောက်အပို ၄ ခု ၊ ကာဘိုင်ကျည် ၁၀၅ တောင့်၊ ပွိုင့် ၂၂ ကျည် ၈တောင့် ၊ စစ်ဦးထုပ် ၂ လုံး၊ ဖုန်း ၃လုံး အင်ဗာတာအသေး ၁ လုံး ၊ ပိုက်ဆံ တသောင်းငါးထောင့် နှစ်ရာ ကျပ်နှင့် သေနတ်ပစ်ပြိုင်ပွဲဝင်ဆု တံဆိပ် ၆ ခုတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA (အနောက်မြောက်စစ်ဒေသ) အမှတ် ၈၁၅တပ်ဖွဲ့၊ အထူးတပ်ဖွဲ့၊ရဲခေါင်ပြောက်ကျားတပ်ဖွဲ့တို့မှ ထုတ်နှုတ်အင်အားနှင့် နပတ ၇၀၄ Local တပ်ပေါင်းစုတပ်ရင်းမှ ထုတ်နှုတ်အင်အားများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article