28 C
Yangon

နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းမှ ရိက္ခာရှာရန် ထွက်လာသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

Must read

နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းမှ ရိက္ခာရှာရန် ထွက်လာသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းမှ ရိက္ခာရှာရန် ထွက်လာသော အကြမ်းဖက် စစ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၃ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၄ ၊ အမှတ် ၁၀ တပ်ရင်း နွားထိုးကြီး PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် နွားထိုးကြီးမြိုနယ်၊ ဝက်လူးနယ်မြေရဲစခန်းမှ ရိက္ခာရှာရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မြင်းခြံခရိုင် အမှတ် ၄ ၊ အမှတ် ၁၀ တပ်ရင်း နွားထိုးကြီး PDF မှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း ထိတွေ့ ပစ်ခတ်မှုသည် မီတာ ၂၀၀ အကွာအဝေးသာရှိပြီး အကြမ်းဖက် စစ်သား ၃ ဦးသေဆုံးကာ သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“ဝက်လူးကျေးရွာမှာရှိတဲ့ ဝက်လူးရဲစခန်းကနေ ရိက္ခာရှာထွက်လာတဲ့ စစ်ခွေး ၃ ကောင်ကို ကျနော်တို့ ကျနော်တို့ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း၊ အမှတ် ၁၀ တပ်ရင်း နွားထိုးကြီး PDF က နေပြီးတော့မှ ဝက်လူးရွာထဲကို ရဲစခန်းနဲ့ မီတာ ၂၀၀ အကွာအဝေးလောက်ထိဝင်ပြီး ဝင်ပစ်တာ ဝင်ပစ်တဲ့ အချိန်မှာ သူတို့ဘက်က ၃ ကောင်လောက် အဲနားမှာ ပွဲချင်းပြီး သေပြီးတော့မှ သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့ပါတယ်။ တိုက်ခိုက်မှုဖြစ်ပြီးတဲ့ နောက်မှ ဝက်လူးရဲစခန်းမှာရှိတဲ့ စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ ရမ်းပစ်တာတွေမျိုးတွေတော့ရှိတယ်။ ပြည်သူ ထိခိုက်တာမျိုးတော့ လုံးဝမရှိပါဘူး” ဟုမြင်းခြံခရိုင် အမှတ် ၄ ၊ အမှတ် ၁၀ တပ်ရင်း နွားထိုးကြီး PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းနှင့် မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်း နွားထိုးကြီး PDF တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article