ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
ယနေ့ ကျရောက်သည့် ၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့တွင် NUG က အထက်ပါအတိုင်း တိုက်တွန်းပြောဆိုလိုက်ခြင်းဖြစ် သည်။
ပြည်သူ့နွေဦးတော်လှန်ရေးတွင် ချင်းတိုင်းရင်းသားများအတွက် ဦးဆောင်ဦးရွက်ပြုလျက်ရှိကြသည့် တော်လှန်ရေးအဖွဲ့အ စည်း အသီးသီးမှ ခေါင်းဆောင်ကြီးများအနေဖြင့် အချင်းချင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်း တိုင်ပင်ကာ လွတ်လပ်ပြီး ကိုယ် ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ချင်းဒေသကို အတူတကွ လက်တွဲထူထောင်နိုင် ရန်လည်း အမျိုးသားညီညွတ်ရေးအစိုးရက မျှော်လင့်ကြောင်း NUG က တိုက်တွန်းသည်။
ချင်းပြည်နယ်တွင် စစ်ကောင်စီကိုတော်လှန်နေသော ချင်းတော်လှန်ရေး အုပ်စုကြီး နှစ်ခု ကွဲပြားနေပြီး အဆိုပါနှစ်ဖွဲ့မှာ ချင်းပြည်ကောင်စီ (CC)နှင့် ချင်းညီနောင်အဖွဲ့ (CB) တို့ဖြစ်ကြသည်။ ကွဲပြားနေသော နှစ်ဖွဲ့အကြား တွေ့ဆုံမှုများ မကြာခဏ ဆိုသလိုရှိခဲ့သော်လည်း ပစ်ခတ်မှုများ နှင့်စစ်ရေးအရ တင်းမာမှုများလည်း မကြာခဏဆိုသလိုဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။
“လက်ရှိ ချင်းပြည်နယ်အခြေအနေအရ ချင်းတော်လှန်ရေး နှစ်ဖက် တွေ့ဆုံဆွေးနွေးပြီး ပြေလည်မှု ရရင် ချင်းဒေသ တစ်ခုလုံး လွတ်မြောက် ရေး အတွက်ရော ချင်းပြည်သူတွေ အတွက်ရော အများကြီး အထောက် အကူပြု ဖြစ်မယ်။ ချင်းဒေသတစ်ခုလုံးမှာ စစ်တပ် ကင်းစင်ဖို့ အရမ်းမြန်မယ်” ဟု ပြည်တွင်းတွင် နေထိုင်ဆဲ ချင်းနိုင်ငံရေးသမားတစ်ဦးက သုံးသပ်ပြောဆိုသည်။
လွတ်လပ်ရေးရပြီးခေတ် ၁၉၅၀ ပြည့်နှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ ကျင်းပ ခဲ့သည့် ဦးဝမ္မသူးမောင် ဦးဆောင်သော ချင်းရေး ရာကောင်စီ အစည်းအဝေးတွင် ချင်းအမျိုးသား နေ့ကို သတ်မှတ်ရန် ရွေးချယ်ကြရာ တိုက်သူကြီးတို့ အုပ်ချုပ်မှုလက် အောက်မှ ဒီမိုကရေစီ အုပ်ချုပ်ရေးသစ်သို့ ပြောင်းလဲခဲ့သည့် ဖလမ်းမြို့လူထုညီလာခံ ကျင်းပသည့်နေ့ဖြစ်သော ၁၉၄၈ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်ကို ချင်းအမျိုးသားနေ့အဖြစ် တက်ရောက်လာသော ကောင်စီအမတ်အားလုံးက သဘောတူပြီး သဘာပတိ ဦးလျင်ထုမ်းက အတည်ပြုခဲ့ခြင်းဖြစ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

