32 C
Yangon

ကိုးကန့်ဒေသမှာ စစ်ကောင်စီလက်အောက်ခံ ကိုးကန့် ပြည်သူ့စစ်အဖွဲ့ဝင် မြီမိသားစုပိုင် ကျားဖြန့် ငွေလိမ်ဂိုဏ်းအတွက် အလုပ်လုပ်ပေးခဲ့တဲ့ တရုတ်နိုင်ငံသား ၂၃ ဦးကို တရုတ်အစိုးရက စွဲချက်တင်

Must read

ကိုးကန့်ဒေသမှာ စစ်ကောင်စီလက်အောက်ခံ ကိုးကန့် ပြည်သူ့စစ်အဖွဲ့ဝင် မြီမိသားစုပိုင် ကျားဖြန့် ငွေလိမ်ဂိုဏ်းအတွက် အလုပ်လုပ်ပေးခဲ့တဲ့ တရုတ်နိုင်ငံသား ၂၃ ဦးကို တရုတ်အစိုးရက စွဲချက်တင်

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် ဒေသမှာ စစ်ကောင်စီလက်အောက်ခံ ကိုးကန့် ပြည်သူ့စစ်အဖွဲ့ဝင် မြီမိသားစုပိုင် ကျား ဖြန့် အွန် လိုင်းငွေလိမ်ဂိုဏ်း မှာ အလုပ်လုပ်ပေးခဲ့တဲ့ တရုတ်နိုင်ငံသား ၂၃ ဦးကို‌ ရှင်ကျန်းပြည်နယ် ဝမ်ကျိုးမြို့ တရားရုံးမှာ ရုံးတင်စစ်ဆေး ပြီး စွဲချက်တင်လိုက်တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာန CCTV ကဖော်ပြပါတယ်။

တရုတ်နိုင်ငံသား ၂၃ ဦးကို မြီမိသားစု ကျားဖြန့်ဂိုဏ်းအတွက် ငွေလိမ်ပေးခဲ့တဲ့အမှု လူသတ်မှု ၊ ရည်ရွယ်ချက်ရှိရှိ ဒဏ်ရာရစေမှု၊ ငွေညှစ်မှု ၊လောင်းကစားမှု ၊ ပြည်တန်ဆာမှု ၊ မူးယစ်ဆေး သုံးစွဲရောင်းဝယ်မှု တွေ အပါအဝင် ရာဇဝတ်မှု ၁၁ မှုနဲ့ တရားရုံး က စွဲချက်တင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စွဲချက်တင်ခံရသူတွေဟာ ကိုးကန့်ဒေသ ကြံ့ခိုင်ရေး အမတ်ဟောင်း မြီရှောက်ချန်းမိသားစုရဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းထဲမှာ လူ ၁၄ ဦးကို သတ်ဖြတ်မှုကျူးလွန်ခဲ့ပြီး ယူနန်ပြည်နယ်ထဲမှာ နေထိုင်တဲ့ တရုတ်နိုင်ငံသားတွေ ဆီက ယွမ်ငွေဘီလီယံ နဲ့ ချီလိမ်လည်ခဲ့တယ်လို့ လည်းတရုတ်အစိုးရ ရှေ့နေတွေက တရားရုံးကို ‌လျှောက်ထားခဲ့ပါတယ်။

မြီမိသားစုရဲ့ ကျားဖြန့် ဂိုဏ်းဟာ တရုတ်နိုင်ငံသားတွေ ဆီကင်းနှီးမြှုပ်နှံမှုအစီအစဉ်အတုတွေ နဲ့ဖြားယောင်းပြီး ငွေလိမ်လည်ခဲ့တာဖြစ်တယ်လို့လည်းတရုတ်အစိုးရရှေ့နေတွေ ကပြောပါတယ်။

၂၀၂၃ ခုနှစ်နိုဝင်ဘာလ စစ်ကောင်စီလက်အောက်ခံ ကိုးကန့် ပြည်သူ့စစ် မြီမိသားစုကို တရုတ်အထူးတပ်တွေက ကိုးကန့်ဒေသမှာဝင်ရောက်ဖမ်းဆီးချိန် ဦးမြီရှောက်ချန်းဟာ ကိုယ့်ကိုယ်ကိုယ် ပစ္စတိုသေနတ်နဲ့ပစ်ပြီး အဆုံး စီရင်ခဲ့တာဖြစ်ပါတယ်။

မြီရှောက်ချန်း ရဲ့ သားဖြစ်သူ မြီကော်ဖျင် နဲ့ သမီးတွေဖြစ်တဲ့ မြီကျွီလန် နဲ့မြေးဖြစ်သူ မြီကျိန်းကျိန်း တို့ကို တော့တရုတ်အစိုးရက ဖမ်းဆီးထားဆဲဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းမှာလည်း ကိုးကန့်ပြည်သူ့စစ်အဖွဲ့ဝင် မြီရှောက်ချန်းရဲ့ မိသားစုဝင်တွေ အပါအဝင် မြန်မာနိုင်ငံသား ၁၆ ဦးကို တရုတ်အစိုးရက လူသတ် မှု၊ လိမ်လည်မှု၊ ဥပဒေမဲ့ ထိန်းသိမ်းမှု၊ စနစ်တကျ လောင်းကစားမှုနှင့် ပြည့်တန်ဆာမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတို့ အပါအဝင် ပြစ်မှုများဖြင့် စွဲချက်တင်ခဲ့ပါတယ်။

တရုတ်နိုင်ငံ၊ Zhejiang အရှေ့ပိုင်းခရိုင်မှာ ကျားဖြန့် ငွေလိမ်လည်မှု အပါအဝင် ပြစ်မှု ကျူးလွန်သူ တရားခံ ၃၉ ဦးကို စွဲချက် တင်ခဲ့ကြောင်း၊ ၎င်းတို့အနက် ၁၆ ဦးမှာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး ၎င်းတို့ကို လူသတ်မှု၊ လိမ်လည်မှု၊ ဥပဒေမဲ့ ထိန်းသိမ်းမှု၊ စနစ် တကျ လောင်းကစားမှုနှင့် ပြည့်တန်ဆာမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတို့ အပါအဝင် ပြစ်မှုတွေနဲ့ စွဲချက်တင်ခဲ့ပါတယ်။

အဲဒီ စွဲချက်တင်ခံရသူတွေထဲမှာ ကိုးကန့်ပြည်သူ့စစ်အဖွဲ့ဝင် မြီရှောက်ချန်း၏ မိသားစုဝင်တွေလည်း ပါဝင်ခဲ့ပါတယ်။

(Connect Burma နှင့် ရန်ကုန်ခေတ်သစ် ပူးပေါင်းရေးသားသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article