32 C
Yangon

ဟိုပုံးနှင့်မော်လမြိုင်ကျွန်းမြို့နယ်တို့တွင် စစ်တပ်က လူငယ်များကို စစ်မှုထမ်းခိုင်းရန် တစ်ရွာလျှင် လူ ၃၀ ကျော် အတင်း အဓမ္မ ဖမ်းဆီးစုဆောင်းနေသဖြင့် လူငယ်များ ထွက်ပြေးနေရ

Must read

ဟိုပုံးနှင့်မော်လမြိုင်ကျွန်းမြို့နယ်တို့တွင် စစ်တပ်က လူငယ်များကို စစ်မှုထမ်းခိုင်းရန် တစ်ရွာလျှင် လူ ၃၀ ကျော် အတင်း အဓမ္မ ဖမ်းဆီးစုဆောင်းနေသဖြင့် လူငယ်များ ထွက်ပြေးနေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်တွင် စစ်တပ်နှင့် PNO အဖွဲ့က လူငယ်များကို စစ်မှု ထမ်းခိုင်းရန် တစ်ရွာလျှင် လူဦးရေ ၃၀ ကျော် အတင်း အဓမ္မ လိုက်လံ ဖမ်းဆီးစုဆောင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယခု ဖေဖော်ဝါရီလအတွက် စစ်မှုထမ်း လူငယ်များ ကြိုတင် စုဆောင်းထားရန် ဟိုပုံးမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ် နှင့် ၎င်းတို့ လက်အောက်ခံ PNO အဖွဲ့က တစ်ရွာကို လူငယ် ၃၀ ကျော်ပေးပို့ရန် အတင်း အဓမ္မ လိုက်လံ ခြိမ်းခြောက်တောင်း ခံနေကြောင်း သိရှိရသည်။

ထို့ပြင် ကျေးရွာအတွင်းရှိ လူငယ်များကို စစ်မှုထမ်း စာရင်းတွင် အမည်ထည့်သွင်းရန်ဟုဆိုကာ အကြမ်းဖက် စစ်ကောင်စီ တပ် သားများက အကြောင်းကြားစာများ လိုက်လံပို့ဆောင်နေပြီး အမည်စာရင်း လာရောက်ပေးပို့ခြင်းမရှိသော လူငယ်များကို စစ်မှုထမ်း ဥပဒေဖြင့် အရေးယူမည်ဟု ခြိမ်းခြောက်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

“ဟိုပုံးဘက်မှာ တစ်ရွာကို စစ်မှုထမ်း လူငယ် အယောက် ၃၀ ကျော်ပေးရမယ်လို့ စစ်ခွေးတွေက အတင်းအဓမ္မ စုဆောင်းနေပါတယ်။ ကျေးရွာတွင်းမှာရှိတဲ့ လူငယ် အရေအတွက်ကိုလည်း ကောက်ခံနေတယ်အတွ်=။ အခုလူငယ်တွေရဲ့ နေအိမ်တွေကိုလည်း အကြောင်းကြားစာတွေ လိုက်လံပို့နေတာတွေလည်းရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် လက်အောက်ခံ PNO အဖွဲ့ကလည်း ဟိုပုံးမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူများကို တစ်အိမ်လျှင် ငွေကျပ် ၂၀၀၀၀ နှုန်ူ ပေးဆောင်ရမည်ဟု လစဉ် အတင်းအကျပ် ခြိမ်းခြောက်တောင်းခံမှုများလည်းရှိကြောင်း သိရသည်။

အလားတူ ဧရာဝတီတိုင်း၊ မော်ကျွန်းမြို့နယ်တွင်လည်း အကြမ်း စစ်တပ်နှင့် အုပ်ချုပ်ရေးမှူးများက နေ့ရောညပါ ပေါ်တာဆွဲနေ၍ လူငယ်များ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလပိုင်းမှ စတင်၍ မော်ကျွန်းမြို့နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်နှင့် အုပ်ချုပ်ရေးမှူးများက နေ့ စဉ် နေ့ရောညပါ ဝင်ရောက်ပေါ်တာဆွဲ ဖမ်းဆီးနေ၍ လူငယ်များ ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ ထွက်ပြေး တိမ်းရှောင်နေသော လူငယ်များ၏ မိသားစုဝင်များကိုလည်း ခြိမ်းခြောက် ငွေညှစ်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

“မော်ကျွန်းမြို့နယ်မှာ စစ်ခွေးတွေနဲ့ အုပ်ချုပ်ရေးမှူးတွေပေါင်းပြီး နေ့စဉ် နေ့ကောညပါ ပေါ်တာဆွဲဖမ်းဆီးနေလို့ ရွာမှာ လူငယ်ဆိုမရှိသလောက်ပါပဲ အခုလူငယ်တွေ ပြေးကုန်တော့ အိမ်ထောင်စု စာရင်းနဲ့ မဲပေါက်တယ်ဆိုပြီး လာခေါ်တာတွေရှိတယ်။ သူတို့ လာခေါ်တဲ့သူ အိမ်မှာမရှိရင်လည်း ခြိမ်းခြောက် ငွေညှစ်နေပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးများထဲမှ မော်ကျွန်းမြို့နယ် ပက်ပြဲအုပ်စု အုပ်ချုပ်ရေးမှူး မြင့်လွင်နှင့် စခန်းချောင်းကြီးကျေးရွာမှ ရာအိမ်မှုးမြင့်စန်း တို့သည် အဆိုးဆုံးဖြစ်ကြောင်း၊ သေဆုံးသွားသော လူငယ်များကိုပါ စစ်မှုထမ်း စာရင်းတွင် ထည့်သွင်းကာ မိသားစုဝင်များကို နည်းမျိုးစုဖြင့် ခြိမ်းခြောက်ငွေညှစ်မှူများ လုပ်ဆောင်နေကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article