23.3 C
Yangon

မြန်မာနိုင်ငံတွင် စစ်ကို ဆက်လက် ဆင်နွှဲသွားကြရမည်ဟု အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကြေညာ

Must read

မြန်မာနိုင်ငံတွင် စစ်ကို ဆက်လက် ဆင်နွှဲသွားကြရမည်ဟု အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကြေညာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

မြန်မာနိုင်ငံတွင် စစ်ကို ဆက်လက် ဆင်နွှဲသွားကြရမည်ဖြစ်ကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကြေညာလိုက်သည်။

ယမန်နေ့ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (ဗထူး) ဗိုလ်လောင်းသင်တန်းအမှတ် ၁၂၈ သူရတပ်ခွဲ သင်တန်းဆင်းပွဲတွင် မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်လိုသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့က NUG ၊ CRPH ၊ PDF တို့နှင့်ပူးပေါင်းပြီး ထိန်း ချုပ်နယ်မြေများ ချဲ့ထွင်နိုင်ရေးအတွက် နိုင်ငံရေးကိစ္စကို အကြောင်းပြ၍ လက်နက်ကိုင် နည်းလမ်းကို တရားလက်လွတ် လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

စစ်တပ်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်များ ထမ်းဆောင်လျက်ရှိပြီး နိုင်ငံတော်ကို ကာကွယ်ရန်၊ အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ပြီး ဆင်နွှဲနေသော စစ်မှာလည်း တရားသော စစ်ဖြစ်ကြောင်း၊ နယ်မြေချဲ့ထွင်ရေး တိုက်ပွဲများ ဖော်ဆောင်လာမှုများကို ပြည်သူများနှင့်ပူးပေါင်း၍ စစ်ကို ဆက်လက်ဆင်နွှဲသွားကြရမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။

အကြမ်းဖက်စစ်ခေါင်းဆောင်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ပြည် သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီး ယမန်နှစ် မေလမှစတင်၍ စစ်မှုထမ်း အပတ်စဉ် ၁ ကို ဖွင့်လှစ်ကာ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များကို အတင်း အကျပ် စစ်ထဲဆွဲသွင်းလျက်ရှိသည်။ လတ်တလော လစဉ် ဖွင့်လှစ်လျက်ရှိသော စစ်မှု ထမ်း အပတ်စဉ်မှာ အပတ်စဉ် ၁၀ အထိ ရောက်ရှိနေပြီဖြစ်သည်။

စစ်ကောင်စီက စစ်မှုထမ်းခိုင်းရန် လစဉ် လူငယ် ၅၀၀၀ ကို ခေါ်ယူမည်ဟုကြေ ညာခဲ့ပြီးနောက် နိုင်ငံတစ်ဝန်းတွင် လူငယ်များကို စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးမှုများ အကြီးအကျယ် လုပ်ဆောင်လျက်ရှိကြောင်း နိုင်ငံတစ် ဝန်း ပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article