ရန်ကုန်တွင် နှစ်ငါးလုံးနေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး “ငုံမခံနဲ့ တုံ့ပြန် ၊ အံတု တွန်းလှန် ဖက်ဆစ်ဒဏ်” လှုပ်ရှားမှုပြုလုပ်
ရန်ကုန်တွင် ယနေ့ ကျရောက်သည့် နှစ်ငါးလုံးနေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး “ငုံမခံနဲ့ တုံ့ပြန် ၊ အံတု တွန်းလှန် ဖက်ဆစ်ဒဏ်” လှုပ်ရှားမှုပြုလုပ်ကြောင်း သိရှိရသည်။
ယနေ့ရန်ကုန်တွင် စစ်ကောင်စီတပ်များ လုံခြုံရေးအင်မတန်တင်းကြပ်ထားသည့်ကြားမှ နှစ်ငါးလုံးနေ့လှုပ်ရှားမှုအဖြစ် “ငုံ့မခံနဲ့တုံ့ပြန်၊အံတုတွန်းလှန် ဖက်ဆစ်ဒဏ်” စာသားဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ရန်ကုန်တော်လှန်လူငယ်များက ပြုလုပ်ကြခြင်းဖြစ်ကြောင်း၊ ပြည်သူလူထုအပေါင်း ကြုံတွေ့နေရသည့် အထွေထွေကြပ်တည်းမှု၊ကိုယ်စိတ်မလုံခြုံမှု၊အဓမ္မ စစ်သားစုဆောင်းခံရမှု၊ဖိနှိပ်ခံရမှု များ၏ အဓိက လက်သည်တရားခံမှာ ဖက်ဆစ်ကောင်မင်းအောင်လှိုင်နှင့် ၄င်း၏ လက်ဝေခံ များကြောင့်ဖြစ်ကြောင်း တော်လှန်လူငယ်များက ဆိုကြသည်။
စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်ရန် ပြည်သူလူထုအနေဖြင့် ယခုလက်ရှိပကတိအခြေအနေအတွင်း ရင်ဆိုင်နေရသည့်ရက်စက်ကြမ်းကြုတ်မှုများကို “ခေါင်းငုံ့ခံမနေဘဲ တော်လှန်ခြင်းနည်းလမ်းဖြင့် တုံ့ပြန်ကြပါရန်နှင့်၊အထွေထွေဖိနှိပ်ခံရမှုများအား အံ့တုတွန်းလှန်ရင်း ဖက်ဆစ်ကောင်မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်အာဏာသိမ်းစစ်တပ် အမြစ်ပြတ်သည်အထိ” ဆက်လက်တော်လှန်ကြပါရန် တော်လှန် လူငယ်များက တိုက်တွန်းသည်။


