32 C
Yangon

ကော့သောင်းတွင် စစ်မှုထမ်းခိုင်းရန် လူငယ်များကို စုဆောင်းပြီး စစ်တပ်အတွက် ရိက္ခာပို့ပေးနေသူ ရန်အောင် ပစ်ခတ်ခံရပြီး သေဆုံး၊ စစ်တပ်ရိက္ခာသယ်နေသော ၎င်းပိုင်ကားလည်း မီးရှို့ခံရ

Must read

ကော့သောင်းတွင် စစ်မှုထမ်းခိုင်းရန် လူငယ်များကို စုဆောင်းပြီး စစ်တပ်အတွက် ရိက္ခာပို့ပေးနေသူ ရန်အောင် ပစ်ခတ်ခံရပြီး သေဆုံး၊ စစ်တပ်ရိက္ခာသယ်နေသော ၎င်းပိုင်ကားလည်း မီးရှို့ခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် စစ်တပ်အတွက် ရိက္ခာပို့ခြင်း၊ စစ်မှုထမ်းခိုင်းရန် လူသစ်စုဆောင်းပေးနေသူ စစ်တပ်ဒေါက်တိုင် ရန်အောင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ကော့ သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန် ကော့သောင်းမြို့နယ်၊ ရှမ်းကိုကျေးရွာအုပ်စု ၊ အောင်သာယာ ကျေး ရွာ အနီး စစ်တပ်ဒေါက်တိုင်လည်းဖြစ်၊ ကြံ့ဖွတ်ပါတီဝင်လည်းဖြစ်သူ ရန်အောင်ကို ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး ပကဖ က ရှောင်တခင် ဝင်ရောက် ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတွင် ပင်သေဆုံးသွားကြောင်း၊ တပ်ရိက္ခာသယ်ရာတွင် အသုံးပြုသော ၎င်းပိုင်ကားကိုလည်း မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

“သူက အောင်သာယာရွာသားပါ၊ စစ်တပ်ကို ရိက္ခာတွေသွားပို့မယ့်အချိန် ရှောင်တခင် ဝင်ရောက် ရှင်းလင်းခဲ့တာပါ၊ ကားပေါ်က စစ်တပ်စခန်းကို ပို့မယ့် စားရိက္ခာတွေတော့ ရတယ်။ ကားကိုလည်း မီး ရှို့လိုက်ပြီ” ဟု ကော့ သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

သေဆုံးသူ စစ်ကောင်စီဒေါက်တိုင်ရန်အောင်မှာ စစ်ကောင်စီ တပ်အတွက် စားနပ် ရိက္ခာများ၊ လက်နက်ခဲယမ်းများကို သယ်ယူပို့ဆောင်ပေးခြင်းနှင့် တော်လှန်ရေး သမားများ၏ သတင်းများအား စုံစမ်းထောက်လှမ်းကာ စစ်ကောင်စီထံ ပေးပို့ခြင်း၊ စစ်မှုထမ်းဥပဒေ ဖြင့် လူသစ်စု ဆောင်းရာတွင် အားကြိုးမာန်တက်ပါဝင်ဆောင်ရွက်ခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်မှုကို ရပ်တန့်ရန် တော်လှန်ရေးတပ်ဖွဲ့များက အကြိမ်ကြိမ်သတိပေးခဲ့ကြောင်း သိရှိရသည်။

ကော့သောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ သတင်းပေးများ၊ အုပ်ချုပ်ရေးမှူးများ ရာအိမ်မှူးများနှင့် ပျူစောထီးများ အပါအဝင် စစ်ကောင်စီဒေါက်တိုင်အားလုံးအနေဖြင့် အချိန်မနှောင်းခင် ပြည်သူ့ဘက်ရပ် တည်၍ ပြည်သူနှင့် ပူးပေါင်းပေးကြပါရန်၊ ပြည်သူ့ဘက်တွင် ရပ်တည်ခြင်းမရှိသော မည်သူ့ကို မဆို ထိ ရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့က သတိပေးထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article