28 C
Yangon

မလှိုင်မြို့နယ် ထွေ/အုပ်ရုံးနှင့် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု ထွေ/အုပ် ဒုဦးစီး ၁ ဦး အပါအဝင် ၇ ဦး ထက်မနည်း ဒဏ်ရာရ

Must read

မလှိုင်မြို့နယ် ထွေ/အုပ်ရုံးနှင့် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု ထွေ/အုပ် ဒုဦးစီး ၁ ဦး အပါအဝင် ၇ ဦး ထက်မနည်း ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့ပေါ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ထွေအုပ် ဒုဦးစီးမှူး ၁ ဦးအပါအဝင် ၇ ဦး ထက်မနည်း ထိခိုက်ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်းမှ တပ်ရင်းမှူး ဆရာလေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် မလှိုင်မြို့ပေါ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် မြို့မရဲစခန်းအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၆ လုံးကျဲချ တိုက် ခိုက်ခဲ့ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ ဒုဦးစီးမှူး ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ အပြင် ရဲစခန်းအတွင်း ဗုံးကျဲ တိုက်ခိုက်မှုတွင်လည်း စစ်ကောင်စီတပ်သား ၆ ဦးထက်မနည်း အပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ထွေအုပ်ရုံးကိုချတဲ့နေရာမှာ ဒုဦးစီးမှူး အရာရှိတစ်ယောက်ထိတယ်။ သူကလောလောဆယ်တော့ ဆေးရုံမှာ အသက်လုနေရတုန်း။ သေမယ်ရှင်မယ် ဘာမှ မပြောနိုင်တဲ့အခြေအနေမှာရှိတယ်။ အခြေ အနေက မတည်ငြိမ်သေးဘူး။ ရဲစခန်းထဲမှာ စစ်သားတွေ နေထိုင်တဲ့ အဆောက်အအုံပေါ်ကို ကျ တယ်၊ အဲဒီလိုကျတော့ စစ်ကောင်စီတပ်သား ၆ ယောက်ပေါ့၊ ၆ ယောက်ကတော့ မနည်းဘူး။ တော် တော်များများ ဒဏ်ရာရတယ်၊ လူနာတင်ကား ၂ စီး ရောက်လာပြီး ဆေးရုံကိုသယ်သွားတာ။ သေတာ ကတော့ ရှိတယ်လို့ သတင်းရတယ်။ အရေအတွက် အတိအကျမသိရတာ။ရဲစခန်းထဲက အဆောက် အဦ လည်းထိခိုက်ပျက်စီးမှုရှိတယ်” ဟု ကျောက်ဆည် ခရိုင် အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်းမှ တပ်ရင်း မှူး ဆရာလေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်း၊ မလှိုင်မြို့နယ် ပ.က.ဖ၊ မြင်း ခြံခရိုင် အမှတ် ၈ တပ်ရင်းနှင့် ဗိုလ်စားပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“အခုချိန်မှာတော်လှန်ရေးကို အရှိန်မြှင်ပြီး လုပ်နေကြပြီဖြစ်တဲ့အတွက် စကစနဲ့နီးတဲ့နေရာတွေ၊ ရဲစခန်း၊ ဂိတ်၊ ထွေအုပ်ရုံးလိုဟာမျိုးတွေ အနီးအနားမှာမနေကြဖို့၊ လုပ်စရာရှိလို့ ဝင်လုပ်ရင်း မြန်မြန် လေးလုပ်ပြီးတာနဲ့ ချက်ချင်းထွက်ခွာသွားကြဖို့ ၊ စစ်ရေးအရ အရေးပါတဲ့လမ်းပိုင်းတွေမှာလည်း တိုက်ပွဲဖြစ်တဲ့အချိန်မှာ ပြည်သူတွေအနေနဲ့ သွားလာခြင်းမပြုကြဖို့နဲ့ ဖြစ်နိုင်ရင်ခရီးမသွားကြဖို့ တိုက်တွန်းချင်ပါတယ်၊ ကျနော်တို့တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ခံအားပေးပါ၊ ဝန်းရံအား ပေးပါ လို့ တိုက်တွန်းချင်ပါတယ်” ဟု ကျောက်ဆည် ခရိုင် အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်းမှ တပ်ရင်းမှူး ဆရာလေးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article