ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ခြုံကြီးရွာ ဘုန်းကြီးကျောင်းဝင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ သိမ်ကျောင်း တစ်ခုလုံး မီးလောင် ပျက်စီးခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီ ၃၀ မိနစ်ခန့်တွင် တောင်သာမြို့နယ်၊ ခြုံကြီးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း လေကြောင်း တိုက်ခိုက်မှုအတွင်း ဘုန်းကြီးကျောင်းပေါ် တည့်တည့် ကျရောက်ပေါက်ကွဲခဲ့သော်လည်း သံဃာတော်များ နေထိုင်ခြင်းမရှိသောကြောင့် ထိခိုက်သူမရှိကြောင်း၊ ဗုံးသီး ကျရောက်ပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းဝင်း အတွင်းရှိ သိမ်တော် တစ်ခုလုံး မီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“မနေ့က နံနက် အစောပိုင်း ၁ နာရီ ၃၀ မိနစ်ခန့်မှာ ခြုံကြီးကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက်တာပါ။ ဘုန်းကြီးကျောင်းပေါ် တည့်တည့်ကျရောက်ပေါက်ကွဲပြီး သိမ်တော် တစ်ခုလုံး မီးလောင် ပျက်စီးသွားတယ်။ ရဟန်း၊ သံဃာ မနေသည့်ကျောင်းဖြစ်တဲ့အတွက် အထိအခိုက်မရှိဘူးလို့ သိရတယ်” ဟု တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
