28 C
Yangon

မင်းကင်းမြို့နယ်၊ သင်တောရွာအနီး တိုက်ပွဲတွင် တပ်ပျက်၍ ထွက်ပြေး နေသော စစ်တပ်စစ်ကြောင်းကို လိုက်လံ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦး ထပ်မံ သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၃

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ သင်တော်ရွာအနီး တိုက်ပွဲတွင် တပ်ပျက်၍ ထွက်ပြေးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လိုက်လံ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦးထပ်မံ သေဆုံးခဲ့ကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် နံနက် ၅ နာရီ ၄၀ မိနစ်ခန့်တွင် မင်းကင်းမြို့နယ်၊ ပန်းဆက်ပျူစောထီးရွာမှ ထွက်လာသော အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီး စစ်ကြောင်းသည် ဗိုလ်သံလုံးကင်းစခန်းကို ဝင်ရောက်စီးနင်းပြီးနောက် သင်တောရွာနှင့်ညောင်ပင်သာရွာ အကြားကို ဆက်လက် ထွက်ခွာလာစဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး တပ်ပျက်၍ ပြန်လည်ဆုတ်ခွာရန် ပြင်ဆင်နေချိန်တွင် တော်လှန်ရေး တပ်ဖွဲ့များဘက်မှ တပ်ကူ စစ်ကြောင်းများ ထပ်မံ ရောက်ရှိလာပြီး စစ်ကောင်စီ တပ်သားများ ဆုတ်ခွာမည့် လမ်းကြောင်း အားလုံးကို ပိတ်ဆို့ တိုက်ခိုက်ခြင်းကြောင့် စစ်တပ် ဘက်မှ ထိခိုက်မှုများပြားခဲ့ကြောင်း၊ ထွက်ပေါက်ပိတ်သွားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် လေကြောင်း ပစ်ကူဖြင့် ညနေ ၅ နာရီ ၃၀ မိနစ်မှ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ပထမ တိုက်ပွဲဖြစ်တော့ စစ်ခွေးတွေ ထိခိုက်သေဆုံးမှုများတော့ တပ်ပျက်ပြီး ထွက်ပြေးဖို့ အလုပ်မှာ တော်လှန်ရေးတပ်တွေဘက်က စစ်ကူတွေ ရောက်ရှိလာလို့ ထပ်ပြီး ပိတ်ဆို့ တိုက်ခိုက်တာ တိုက်ပွဲက တနေကုန်ကိုဖြစ်တာ အခုထပ်သိရတဲ့ သတင်းက စစ်ခွေး ၆ ကောင် ထပ်သေတယ်လို့ သိရတယ်။ တိုက်ပွဲအတွင်းမှာ စစ်ခွေး အလောင်း ၄ လောင်းနဲ့ ၁ ကောင်အရှင်မိတယ်။ တော်လှန်ရေး တပ်ဖွဲ့ဘက်က ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာရတယ်။ မစိုးရိမ်ရဘူး” ဟု ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ လက်လုပ်သေနတ် (၃) လက်၊ကာဘိုင် (၁) လက်၊ MA ကျည်ဘောက်(၅) ခု၊ ကာဘိုင်ကျည်ဘောက် (၆) ခု ၊ ဗုံးသီး (၂) လုံး ၊ i-con (၂) လုံး ၊ ကာဘိုင်ကျည် ၁၂၀ တောင့် ၊ 7.62ကျည် ၁၅ တောင့် ၊5.56 ကျည် ၁၅ တောင့် ၊ ဖုန်း ၁ လုံး၊ ဆေးကပ် ၅ ကပ် ၊ စစ်သားမသာ အလောင်း ၄ လောင်း သိမ်းဆည်းရရှိပြီး စစ်ကောင်စီ တပ်သား ၁ ဦး အရှင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) (အထူးတိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့တပ်ခွဲ-၂) ၊UCLAတပ်ဖွဲ့ ၊ မင်းကင်းမြို့နယ် တပ်ရင်း ၁ ၊ မင်းကင်းမြို့နယ် တပ်ရင်း(၄) ၊ မင်းကင်းမြို့နယ် ပကဖရွေ့လျားတပ်ဖွဲ့ ၊ မင်းကင်းမြို့နယ် လိုကယ်တပ်ပေါင်းစု ၊ ကနီမြို့နယ် ပကဖ ၊ ကျောက်လုံးကြီးအဖွဲ့ ၊ SRF အဖွဲ့ ၊ မဟူရာ Dragon အဖွဲ့ ၊ စစ်ကိုင်း တပ်ရင်း (၃) ၊ ချင်းတွင်းတော်လှန်ရေးအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article