28 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မကွေးတိုင်းက အမ်း -ပဒါန်း လမ်းကနေ ဆုတ်ခွာ ထွက်ပြေးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက လမ်းကနေ ထပ်မံကြားဖြတ် တိုက်ခိုက်ခြေမှုန်းရာမှာ စစ်ကောင်စီတပ်သား မသာအလောင်း ၆ လောင်းနဲ့အတူ လက်နက် ၆ လက်ကိုပါ သိမ်းဆည်း ရရှိထား ပြန်တယ်လို့ အထက်မင်းလှ ပကဖ ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မန္တလေးတိုင်းက ပုသိမ်ကြီးမြို့နယ်နဲ့ မိတ္ထီလာမြို့နယ်တွေမှာ အကြမ်းဖက် စစ်ကောင်စီအတွက် လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေ အကြီးအကျယ်လုပ်နေတဲ့ အုပ်ချုပ်ရေးမှုးနဲ့ ရာအိမ်မှုးတို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံးပွဲချင်းပြီးတွေကို သေကုန်ကြပြီလို့ သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့နဲ့ ဒေဿခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီတပ်က ရန်ကုန်မြို့မှာ လုံခြုံရေးတင်းကြပ်ထားတဲ့ကြားက စစ်ကောင်စီနဲ့ ပတ်သက်တဲ့ နေရာတွေမှာ ဗုံးခွဲတိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး မနေ့ကလည်း ရန်ကုန်မြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို ရန်ကုန်မြို့ပြ တော်လှန်ရေး တပ်ဖွဲ့တွေက အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article