ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
ရန်ကုန်မြို့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်တွင် Non CDM ကျောင်းသားများကို ဘွဲ့ပေးမည့် ဘွဲ့နှင်းသဘင်နှင့် ညစာစားပွဲအတွက်ဟုဆိုကာ ကျောင်းသားတစ်ဦးလျှင် ကျပ် ၂ သိန်းပေးရန် ပါမောက္ခချုပ် ရွှေတိုးက ကောက်ခံခိုင်းနေကြောင်း အဆို ပါ ကျောင်းမှ ကျောင်းသားများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွင် ကျောင်းတက်နေကြသည့် ကျောင်းသားကျောင်းသူများထံမှ ကျပ် ၂ သိန်းကောက်ခံနေခြင်းဖြစ်ကြောင်း၊ ဘွဲ့နှင်းသဘင် Dinner နှင့် ဘွဲ့အတွက် ကုန်ကျစရိတ်ဟူ၍ ခေါင်းစဥ်အမျိုးမျိုးတပ်ကာ ကျောင်းသားတိုင်း တစ်ဦးလျှင် ၂ သိန်းကျပ် မဖြစ်မနေထည့်ခိုင်းခြင်းဖြစ်ကြောင်း၊ ငွေများကို Non-CDM ဝန်ထမ်း ရန်ကင်းမြို့၊ ပြည်သူ့ကျန်းမာ ရေး ဦးစီးအရာရှိ မင်းသန့် က တာဝန်ခံ ကောက်ယူနေကြောင်း သိရှီရသည်။
Non CDM ဝန်ထမ်း မင်းသန့်က ကျောင်းသားကျောင်းသူများ၏ တယ်လီဂရမ်ဂရုထဲမှတစ်ဆင့် ဘွဲ့နှင်းသဘင် ညစာစားပွဲ အတွက်ဟုဆိကာ ကျပ် ၂ သိန်းဟူ၍ စာပို့တောင်းခံနေခြင်းဖြစ်ပြီး အဝေးရောက်ဘွဲ့ယူခြင်းကိုလည်း တားမြစ်နေကြောင်း သိရှိရသည်။
ဘွဲ့နှင်းသဘင် ညစာ စားပွဲမှာ ပါမောက္ခချုပ်၏ အမိန့်အရ ကောက်ခံခြင်းဖြစ်ပြီး စစ်ကောင်စီဝန်ကြီး၊ ဌာနဆိုင်ရာညွှန်ချုပ် စသည့်သူများပါ တက်ရောက်မည်ဖြစ်၍ တစ်ဦးလျှင် ကျပ် ၂ သိန်းကောက်ခံခြင်းဖြစ်သည်ဟု ရှင်းလင်းပြောဆိုထားသည်။
ရန်ကုန် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွင် ဘွဲ့နှင်းသဘင်အခမ်းအနားကို မတ်လ ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
