ဒီကနေ့ ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်အာဏာရှင်ဖြစ်တဲ့ အကြမ်းဖက် စစ်ကောင်စီကို တိုက်ခိုက်တဲ့နေရာမှာ ရန်သူ့ အပေါ် မထောက်မညှာတမ်း တိုက်ခိုက်ဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ ညွှန်ကြားလိုက်ပါတယ်။
- အကြမ်းဖက် စစ်ကောင်စီက ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှာနေတဲ့ ပြည်ပထွက် အလုပ်လုပ်နေသူ လူငယ်တွေကိုပါ ပြန်လာပြီး စစ်မှုထမ်းဖို့အတွက် သူတို့ရဲ့ ရပ်ကွက်ရုံးကို လာဖို့ ဆင့်ခေါ်စာတွေပို့လာ နေပြန်တယ်လို့ ပြည်ပရောက် လူငယ်တချို့က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မွန်ပြည်နယ် ရေးမြို့နယ်က အာယုတောင် ကျေးရွာထိပ်မှာတပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းကို ရေးဘီလူးတပ်ဖွဲ့က ဝင်ရောက် စီးနင်းတဲ့အချိန် စစ်ကောင်စီတပ်သားတွေ အားလုံးစခန်းကို ဒီအတိုင်းထားခဲ့ပြီး ထွက်ပြေးသွားကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
