မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမှော်၊ ဘုန်းကြီးကျောင်း မင်္ဂလာဆောင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသူ ၁၂ ဦးကို သဂြိုလ်ပြီးစီး၊ သတို့သမီးနှင့်သတို့သား လွတ်မြောက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမှော်၊ ဘုန်းကြီးကျောင်း မင်္ဂလာ ဆောင် ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသူ ၁၂ ဦးကို သဂြိုလ်ပြီးစီးပြီဖြစ်ကြောင်း မြိုင်မြို့နယ်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်အချိန် မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမှော် ဒေသ၊ ဆုံ ကုန်းရွာ ဘုန်း ကြီးကျောင်း၌ မင်္ဂလာဆောင်ပွဲကျင်းပနေစဉ် အကြမ်းဖက်စစ်ကောင်စီတပ် က ဂျက် ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂ ကြိမ် ကျဲချတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းပေါ်တည့် တည့်ကျ ရောက် ပေါက်ကွဲခဲ့ပြီး မင်္ဂလာဆောင် ထမင်းချက်နေသောပြည်သူများအပါအဝင် ပြည်သူများ အပါအဝင် စုစုပေါင်း၁၂ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
“ပွဲချင်းပြီး သေဆုံးတာက ကျား ၁၀ ဦး၊ မ ၁ ဦး၊ ကလေး ၁ ဦးကတော့ မီးလောင်ထားတဲ့အထဲမှာ အလောင်း ထပ်တွေ့တယ်။ ဆေးရုံမှာ ရှိနေတာက ၂ ဦးပါ။ မနေ့က အကုန်သဂြိုလိုက်ပါပြီ ” ဟု မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုအတွင်း သတို့သမီးနှင့်သတို့သား လွတ်မြောက်သွားကြောင်း၊ ထမင်းချက်သော နေရာသို့ ကျရောက်ခြင်းဖြစ်၍ ချက်ပြုတ်နေသူများအဓိက သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုအပေါ် ပစ်မှတ်ထားကာ ဗုံးကျဲတိုက်ခိုက်မှုများ ဆက် တိုက်လုပ်ဆောင်နေမှုကြောင့် ပြည်သူများ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်း အန္တရယ်ကို သတိထားကြရန်နှင့်လူစုလူဝေးမလုပ်ကြရန် မြိုင်ပကဖက သတိပေးတိုက်တွန်းသည်။


