Khit Thit သတင်းဌာန၏ မတ် ၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ မတ် ၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အာဂျင်တီးနား တရားရုံးကနေ ဖမ်း၀ရမ်းထုတ်ခံထားရတဲ့ အကြမ်းဖက် မင်းအောင်လှိုင်က ရုရှားနိုင်ငံကို သွားပြီး ယူကရိန်းကို ကျူးကျော်သူ ပူတင်နဲ့တွေ့ဖို့လုပ်နေပြန်သလို ၊ ပထမအကြိမ်တွေ့ ခဲ့တုန်းကလည်း အကြမ်းဖက် မင်းအောင်လှိုင်ဟာ ပူတင်ကို လက်အုပ်ချီ ကန်တော့ပြီး ကမ္ဘာ့ ခေါင်းဆောင်ကြီး ဖြစ်တယ် ဆိုပြီးတော့ပါ အလွန်အကျူး မြှောက်ပင့်ပြောဆိုခဲ့ဖူးပြီး ၊ အခုတစ်ခါ ဒုတိယအကြိမ်ထပ်မံ သွားရောက်ဦးမယ်လို့ သိရပါတယ်။
အာရက္ခတပ်တော် AA နဲ့ PDF ပူးပေါင်းတပ်တွေက မကွေးတိုင်းထဲမှာ ထိုးဖောက်ဝင်ရောက်ပြီး စခန်းတွေ တစ်ခုပြီးတစ်ခုသိမ်းနေရင်းနဲ့ ကပစ ၆ ဘက်ကိုဦးတည်နေတဲ့အချိန် တစ်ဖက်က မကွေးတိုင်း စလင်းမြို့နယ် ကပစ ၂၁ ဘက်မှာလည်း စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်ခြေမှုန်းနေပြီး စစ်တပ်ဘက်က အထိနာပြီးတော့ကို ပြန်ဆုပ်သွားကြတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ကရင်နီပြည်နယ်က မိုးဗြဲမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၄၂၂ တပ်ရင်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က စစ်ကြောင်းမှူး ၁ ဦးအပါအဝင် စစ်သား ၂၃ ဦးကတော့ အသီးသီး သေကုန်ကြသလို ၊ တော်လှန်ရေးဘက်က ရဲဘော် ၄ ဦးလည်း မြင့်မြတ်စွာ အသက်ပေးလှူသွားရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
