37.7 C
Yangon

ရေးမြို့နယ်နှင့်ကျောက်ကြီးမြို့နယ်တွင် စစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး သံဃာတော် ၃ ပါး အပါအဝင် ပြည်သူ ၁၁ ဦး ဒဏ်ရာရ၊ ဘုန်းကြီးကျောင်း နှင့် နေအိမ်အများအပြားပျက်စီး

Must read

ရေးမြို့နယ်နှင့်ကျောက်ကြီးမြို့နယ်တွင် စစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး သံဃာတော် ၃ ပါး အပါအဝင် ပြည်သူ ၁၁ ဦး ဒဏ်ရာရ၊ ဘုန်းကြီးကျောင်း နှင့် နေအိမ်အများအပြားပျက်စီး

ရန်ကုန်၊ မတ် ၁

ကရင်အမျိုးသားအစည်းအရုံး-(KNU) အုပ်ချုပ်မှုနယ်မြအတွင်းရှိ ရေးမြို့နယ်နှင့်ကျောက်ကြီးမြို့နယ်တွင် စစ် တပ်၏ အကြမ်း ဖက်တိုက်ခိုက်မှုများကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ပြည်သူ ၁၁ ဦးထိခိုက်ဒဏ်ရာရ၊ ဘုန်းတော်ကြီးကျောင်းများနှင့် နေအိမ်အများအပြားပျက်စီးကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်း ဝင်းရေးမြို့နယ်(ရေးမြို့နယ်) ခွန်နဝါ (မောထီး) ကျေးရွာသို့ စစ်တပ်က Yak-130 တိုက် လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အသက် ၄၂ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးပြီး အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၆ ရက်နေ့၌ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ၏ Yak-130 တိုက်လေယာဉ်က ဝင်းရေးမြို့ နယ်၊ ပန်းအောင် (တိုခေါဖူး) ကျေးရွာ ဘုန်းကြီးကျောင်းကို ဗုံးကျဲချခဲ့ရာ ကျောင်းထိုင်ဆရာတော် ၁ ပါး၊ သံဃာတော် ၁ ပါး နှင့် ကိုရင် ၁ ပါး ထိမှန် ဒဏ်ရာရခဲ့ပြီး အသက် ၅ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးအပါအဝင် အပြစ်မဲ့ ပြည်သူ ၅ ဦး ထိခိုက် ဒဏ် ရာရရှိကြောင်း သိရှိရသည်။

ထို့အတူ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ညနေ ၄ နာရိ ၁၀ မိနစ်အချိန် စစ်ကောင်စီက ဒရုန်းဖြင့် ကျောက်ကြီးမြို့နယ်၊ ဖျံတလင်းကျေး ရွာတွင်းသို့ ဗုံးကျဲပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးထိခိုက်ပျက်စီခေဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန် ဒရုန်းဖြင့် ပစ်ခတ်မှုကြောင့် ဖျံတလင်းကျေးရွာစာသင်ကျောင်း ၂ လုံးနှင့်အတူရေ စင်၊ ခန်းမဆောင်၊ စတိုဆောင်တို့ပါထိခိုက်ပျက် စီးခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ် အချိန်ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်က ၁၂၀မမ လက် နက်ကြီးဖြင့် ပစ်ခတ်သဖြင့် နေအိမ်တစ်လုံးထိ ခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

KNU အုပ်ချုပ်မှုနယ်မြေအတွင်းရှိ မူးမြို့နယ်၊ လယ်ဒိုမြို့နယ်၊ ဆောထိမြို့နယ်များရှိ ကျေးရွာများထဲသို့ စစ်တပ်က နေ့စဥ်နေ့တိုင်း လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်လျက်ရှိကြောင်း၊ ထိုသို့အပြစ်မဲ့ အရပ်သားပြည်သူ များကို ပစ်မှတ်ထားပြီး လူမဆန်စွာပြုမူနေကြောင်း KNU က သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article