33 C
Yangon

တန့်ဆည်၊ ပျူစောထီးစစ်သင်တန်းနေရာကို PDF ဝင်တိုက်မှု ၃၀ ဦးထိခိုက်သေနိုင်ပြီး ပြည်သူ့ရဲဘော် ၂ ဦးကျဆုံး

Must read

ရန်ကုန်၊ မေ ၂၉

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ နားဋောင်းကျကျေးရွာရှိ ပျူစောထီးစစ် သင် တန်း နေရာကို PDF ပူးပေါင်းတပ်များက မေလ ၂၈ ရက်နေ့ နံနက် ၅ နာရီအချိန် သွားရောက်တိုက်ခိုက်ရာ စစ်သားနှင့်ပျူစောထီး ၃၀ ဦးထိခိုက်သေဆုံးနိုင်ပြီး ပြည်သူ့ရဲဘော် ၂ ဦးကျဆုံးကြောင်း သိရှိရသည်။

မေလ ၂၈ ရက်နေ့ နံနက် ၅ နာရီအချိန် တန့်ဆည်မြို့နယ်၊ နားဋောင်းကျကျေး ရွာ ပျူစောထီသင်တန်းကို PDF နှင့် TPC ပူးပေါင်းတပ်များက သွား ရောက် ရှင်းလင်းခဲ့ရာ စစ်ခွေး၊ပျူ ၃၀ကျော် ထိခိုက်သေဆုံးနိုင်ကြောင်း၊ တိုက်ပွဲဖြစ်နေစဥ် ကျွန်းလည်မှ တပ်ကူထွက်လာသော ပျူစောထီးများကိုလည်း TPC နှင့် SAF အဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း ၊ ဖောကားကြီးတစ်စီး မြောင်းထဲထိုးကျပြီး အပြန်အလှန်ပစ်ခတ်ရာ ပျူစောထီးများ ထိခိုက်ကျဆုံးများနိုင်ကြောင်း၊ ပြည်သူ့ရဲဘော်၂ဦး ကျဆုံးကြောင်း သိရှိရသည်။

မေလ ၂၈ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် PLA အပါအဝင် ပူးပေါင်းတပ် ဖွဲ့များက ပျူစောထီး သင်တန်းနေရာကို ဝင်ရောက်တိုက်ခိုက်စဉ် ပျူစောထီး နှင့် စစ်ကောင်စီတပ်များ၏ စနိုက်ဘာဖြင့် ပစ်ခတ်ခံရသဖြင့် ရဲဘော်မင်းသူ ပါးစပ်ထဲ စနိုက်ဘာကျည်ဝင်ပြီး ကျဆုံးသွားကြောင်း၊ ကျဆုံးသွားသော ရဲဘော်ကို တက်ရောက်ဆွဲခေါ်စဉ် ရဲဘော် ညိုမှိုင်း၏ နှလုံးအိမ် တည့်တည့်တွင်လည်း စနိုက်ဘာကျည်သင့်ပြီး နေရာတွေ ကျဆုံးခဲ့ကြောင်း PLA ပြည်သူ့လွတ်လပ်ရေးတပ်မတော်က သတင်းထုတ်ပြန်သည်။

မေလ ၂၈ ရက်နေ့ ရေဦးနယ်မှ ထွက်လာသောစစ်ကြောင်းသည် တန့်ဆည် အထက (၁) တွင် ညအိပ်တပ်စွဲပြီး ယနေ့နံနက် အင်္ကုက္ကားကျေးရွာတွင် စစ် ကြောင်းထိုး တပ်စွဲထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article