35 C
Yangon

ရွှေပြည်သာမြို့နယ် မြို့မရဲစခန်း လုံခြုံရေးဂိတ်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု ရဲများ ထိခိုက်မှုရှိနိုင်ဟုဆို

Must read

ရွှေပြည်သာမြို့နယ် မြို့မရဲစခန်း လုံခြုံရေးဂိတ်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု ရဲများ ထိခိုက်မှုရှိနိုင်ဟုဆို

ရန်ကုန်၊ မတ် ၄

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် မြို့မရဲစခန်းကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ ရဲများ ထိခိုက်မှုရှိနိုင်ကြောင်း Operation Flame သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မတ်လ ၃ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်အချိန် ရွှေပြည်သာမြို့နယ် မြို့မရဲစခန်း (ရဲတပ်ဖွဲမှူးရုံး) ပင်မဂိတ်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့များ ထိခိုက်မှုရှိနိုင်ပြီး အသေးစိတ် အခြေအနေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း၊ စစ်ဆင်ရေးပြီးဆုံးပြီးနောက် တော်လှန်ရေးအဖွဲသားများ အားလုံး ဘေးကင်းရာသို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

“မိုင်း ၂ လုံးနဲ့ ပင်မဂိတ် အနီးဆုံး ကပ်လျက် ဖောက်ခွဲနိုင်ခဲ့ပါတယ်။ ဂိတ်ကင်း အစောင့် ရဲခွေးတွေ ထိခိုင်နိုင်ပါတယ်။ ထိခိုက်မှု အရေအတွက်ကိုတော့ အတည်ပြု စုံစမ်းနေဆဲပါပဲ” ဟု Operation Flame သတင်းနှင့် ပြန်ကြားရေးမှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို Operation Flame (OF) က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍ ရန်ကုန် တော်လှန်ရေး မဟာမိတ်များအားလုံးနှင့်အတူ လက်တွဲပြီး အကြမ်းဖက် စစ်တပ်ကို အရှိန်မြင့် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း Operation Flame က အသိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article