28 C
Yangon

ရေစကြို၊ ရေလယ်ကျွန်းသို့ စစ်တပ်က စစ်ကြောင်းထိုးလာစဥ် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၀ ဦးသေဆုံး ၊ လက်နက်ခဲယမ်းမလုံလောက်မှုနှင့် စစ်ကူရရန် ခက် ခဲ၍ တော်လှန်ရေး တပ်စခန်းတချို့ လက်လွှတ်ရ

Must read

ရန်ကုန်၊ မတ် ၆

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ခြေရာကျေးရွာအုပ်စု၊ ရေလယ်ကျွန်းဒေသသို့ ဝင်ရောက်လာ သော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်း ပြတ်တောက်မှု၊ မဟာ မိတ် တပ်ဖွဲ့များ စစ်ကူလာရောက်ရန် ခက်ခဲမှုကြောင့် MBT တပ်ဖွဲ့ဌာနချုပ် စခန်း လက် လွတ်ဆုံးရှုံးခဲ့ရကြောင်း MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

ယမန်နေ့ မတ်လ ၅ ရက် နံနက် ၅ နရီ ၃၀ မိနစ်ဝန်းကျင်အချိန် ရေစကြိုမြို့နယ်၊ ဆင်ခြေယာအုပ်စု၊ ဇရပ်နီကျေးရွာ မြောက်ဘက်တွင် အထိုင်ချတပ်စွဲထားသော MBT တပ်ဖွဲ့ဌာနချုပ်စခန်းကို အကြမ်းဖက် စစ်ကောင်စီတပ်က အင် အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ် ခတ်မှု မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မနေ့ကမနက် ၅ နာရီခွဲ ၆ နာရီလောက်က စကစတပ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်တာ၊ မဟာမိတ်တပ်တွေက လာကူဖို့လည်း လမ်းကြောင်းတွေမကောင်းတွေက တစ်ကြောင်း၊ တစ်ဖွဲ့ တည်းဖြစ်နေတာပေါ့ ၊ ခဲယမ်းကလည်း ၈ ရက်လုံးလုံး တိုက်ပွဲကဖြစ်ထားတော့ ပြတ်တောက် နေတာ။ လမ်းကြောင်းတွေကလည်း ပိတ်နေတော့ ခဲယမ်းပို့ဖို့ ကလည်း ခက်ခဲနေတာ၊ နာရီဝက် လောက်ပဲ တိုက်ခိုက်ပြီးတော့ ပြန်ဆုတ်ခဲ့ရတာ။ ပြည်သူတွေကလည်းရှိနေသေးတော့ ပြည်သူတွေ ရှောင်တိမ်းလို့ အချိန်ရအောင် ခုခံတိုက်ခိုက်ခဲ့တာ။ စခ ၁၀ ယောက် ကျော်ကျော်လောက်အထိ တော့ သုတ်သင်ရှင်းလင်းနိုင်ခဲ့ပါတယ်။ လေကြောင်းရန်တွေရောကြောင့်မို့လို့ ပြီးတော့ လက် နက်ခဲယမ်း မမျှ တမှု ၊ လူအင်အာကလည်း လုံးဝမမျှတတဲ့အနေအထားကြောင့်မို့လို့သေဆုံးသွားတဲ့ စကစ တပ် တွေရဲ့လက်နက်တွေကိုလည်းရယူနိုင်ခဲ့ခြင်းမရှိပါဘူး” ဟု MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှစ၍ ရေစကြိုမြို့ အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့က အင်အား ၂၀၀ ကျော်ဖြင့် ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ် အရှေ့ဘက် ရေလယ်ကျွန်းဒေသို့ စစ်ကြောင်းထိုးခဲ့ရာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်က အထိနာကာပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

ထို့သို့ အထိနာပြီးနောက် စစ်တပ်က ရေစကြိုမြိုပေါ်နှင့် ပခုက္ကူမြိုပေါ်မှ တပ်အင်အား အများအပြား ထပ်မံဖြည့်တင်းကာ ရေစကြိုမြို့နယ်၊ မင်္ဂလာခြံရွာ၊မြေစွန်းတော်ရွာနှင့် ရွာသစ်ရွာ တို့ကို မီးရှို့ဖျက်ဆီးပြီး ဆက် လက်ချီတက်လာခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့နှင့် မတ်လ ၂ ရက်နေ့ တို့ တွင် ထပ်မံတိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ထိုသို့ ၈ ရက် စစ်ရေးတင်းမာခဲ့ပြီနောက် မတ်လ ၅ ရက်နေ့တွင် Myingyan Black Tiger – MBT တပ်ဖွဲ့၏ ဌာန ချုပ် တပ်စခန်း ဆုံးရှုံးခဲ့ကြောင်း သိရ သည်။

ယခုအခါ စစ်ကောင်စီတပ်က ပြည်သူ့နေအိမ် အိုးအိမ်များကို မီးရှို့ဖျက်ဆီးနေပြီး စစ်ကောင်စီတပ်ဖွဲ့ကို အမြစ်ပြတ်တိုက်ခိုက်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း Myingyan Black Tiger -MBT တပ်ဖွဲ့က ကြေညာသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article