ဒီကနေ့ မတ် ၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ကောင်စီက မြန်မာနိုင်ငံတစ်ဝှမ်း ဆေးတက္ကသိုလ်တွေမှာ ၂၀၁၃ ကနေ ၂၀၂၀ ခုနှစ် အထိ ပညာသင်ယူခဲ့တဲ့ ဆရာဝန်လောင်း အယောက် ၁ ထောင်ကျော်ကို အမည်ပျက်စာရင်းသွင်းပြီး ဘွဲ့လက်မှတ်နဲ့ဆမ မပေးရုံတင်မက ပညာဆက်သင်ခွင့်နဲ့ ပြည်ထွက်ခွင့်ပါ ပိတ်ပင်ပင်ထားတယ်လို့ ဆရာဝန်တွေနဲ့ နေပြည်တော်၊ ကျန်းမာရေးဝန်ကြီးဌာနဆီကနေ သိရပါတယ်။
- ကရင်ပြည်နယ် မြ၀တီမြို့နယ်က ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေမှာ ရောက်နေတဲ့ တရုတ်နိုင်ငံသား ၁၄၀၀ ကျော်ကို အဲဒီကျားဖြန့်ငွေလိမ်ဂိုဏ်းတွေမှာပါဝင်ပက်သက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ BGF တပ်ဖွဲ့ကပဲ ထိုင်းနိုင်ငံကို အသုတ်လိုက် ပြန်လည် လွှဲပြောင်းပေးနေပြီး ၊ အဲဒီ တရုတ်နိုင်ငံသားတွေကိုတော့ တရုတ်နိုင်ငံကပဲ ဒုတိယအကြိမ် လေယာဉ်နဲ့ အသုတ်လိုက် ပြန်လည်ခေါ်ယူနေပြီ ဖြစ်တယ်လို့ ထိုင်း-မြန်မာနယ်စပ် သတင်းရင်းမြစ်တွေက ပြောပါတယ်။
- ရှမ်းပြည်နယ် မြောက်ပိုင်းက ကွတ်ခိုင်မြို့နယ်၊ မုံးစီးကျေးရွာအုပ်စုမှာ ရွှေတူးဖော်မှုကို သွားရောက် တားမြစ်ရာကနေ MNDAA တပ်ဖွဲ့က ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၆ ဦး သေဆုံးသွားခဲ့ရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
