ဒီကနေ့ မတ် ၇ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- နိုင်ငံတကာ နျူကလီးယားလက်နက်တွေ တားမြစ်ရေးစာချုပ် အတည်ပြုလက်မှတ် နိုင်ရေးမှာ စစ်အာဏာ သိမ်းမှုကြောင့် အဟောသိကံ ဖြစ်သွားပြီလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း က ပြောပါတယ်။
- စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင်းကနေ ထွက်လာတဲ့ သံပြားကာကား ၂ စီးကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ် ဘက်မှဒုဗိုလ် ၁ ဦး အပါအဝင် ၁၇ ဦး သေဆုံးပြီး လက်နက် ၁၂ လက် သိမ်းဆည်းရရှိကား ကား ၂ စီးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Chaung U People’s Defence Force မှ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။
- စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ်၊ ကင်းမွန်ထော်ပျူရွာစခန်းတိုက်ပွဲနဲ့ စစ်တပ်စစ်ကြောင်း ကို တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး ၂၃ ဦးထက်မနည်းသေဆုံးခဲ့သလို PDF တပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
