29 C
Yangon

စစ်သား ၁၇ ဦး သေဆုံးခဲ့ပြီး စစ်ကား ၂ စီးကို မီးရှို့နိုင်ခဲ့သော မုံရွာ-မန္တလေးလမ်း တိုက်ပွဲတွင် စစ်တပ်က ခရီးသည်များနှင့် ခရီးသည်တင်ကားကို လူသားဒိုင်းလုပ်ခဲ့သဖြင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၇

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး သေဆုံးခဲ့သော မုံရွာ-မန္တလေး လမ်းပိုင်း တိုက်ပွဲတွင် စစ်တပ်က ခရီးသည်များနှင့် ခရီးသည်တင်ကားကို ဓားစာခံလုပ်၍ တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ခရီးသည် ၃ ဦးသေဆုံးခဲ့ရကြောင်း ချိုမိုင်မိုင်ယင်းမာပင်မြိုနယ်မဟာမိတ်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၄ ရက်နေ့ ညနေ ၃ နာရီ ၁၀ မိနစ်အချိန် မုံရွာမြိုတွင်းမှထွက်လာသော သံပြားကာစစ်ကား ၂ စီးကို မုံရွာ-မန္တလေး လမ်းပိုင်း တစ်နေရာတွင် မဟာမိတ် တော်လှန်ရေးတပ်ပေါင်းစုများက တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင် စီ၏ သံပြားကာ Jammer ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အဆိုပါကားမှာ ထိုးရပ်သွားပြီး ကျန်စစ်ကား ၁ စီးမှာလည်း လက်နက်ငယ်များဖြင့် ပစ်ခတ်ချိန် ပျက်စီးခဲ့ကြောင်း၊ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် တိုက်ပွဲအတွင်း ချောင်းဦးမြိုနယ် စိုက်ကွင်းရုံးနှင့်မြပုလဲ စစ်တပ်အထိုင်စခန်းက ၁၂၀မမ လ-က်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ အင်ဂျင်တပ်လေထီးများဖြင့်လေကြောင်းပစ်ကူပေးခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း ဒုဗိုလ် ၁ ဦး အပါအဝင် ၁၇ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ပေါင်းစုဘက်မှလည်း ရဲဘော် ၁ ဦးဒဏ်ရာရရှိကြောင်း၊ စစ်ကား ၂ စီးကို မီးရှို့ရှင်းလင်းနိုင်ခဲ့ပြီး MA-1 ၄လက်၊ MA-3 ၁လက်၊ MA-11 ၃လက် ၊ G-3 ၁လက်၊ G-1 ၁လက်၊ ၆၀ မမ စိန်ပြောင်း ၁လက်၊ ၄၀ မမ ဆုံလည် ၁လက်၊ ကျည်ဘောက်မျိုးစုံ ၂၂ ဘောက်ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကူ စစ်သားများက ခရီးသည်တင်ကားများဖြင့် လိုက်ပါပြီး ခရီးသည်များကို ဓားစာခံ အဖြစ် တိုက်ပွဲအတွင်း အသုံးပြုခဲ့ကြောင်း၊ တော်လှန်ရေးတပ်များက ကယ်ထုတ်ခဲ့သော ခရီးသည်များအနက်မှ ခရီးသည် ၃ ဦးမှာ စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးခဲ့ရကြောင်း သိရှိရသည်။

“သေဆုံး ခဲ့တဲ့ အရပ်သားတွေက တပ်က ဓားစာခံ လုပ်လာတာပါ။ စစ်သားတွေက ခရီးသည်တင်ကားတွေနဲ့ လိုက်လာတယ်။ ကျနော်တို့က ခရီးသည်တင်ကားတွေပေါ်မှာ တက်စစ်ပြီး ပြည်သူတွေကို တွေ့လို့ ကယ်ထုတ်လာ တာ။ အဲဒီအချိန်မှာ မြပုလဲ အထိုင်စခန်းကနေ လက်နက်ကြီးတွေနဲ့ပစ်တယ်။ အဲဒီမှာ ထိမှန် သေဆုံးကုန်တ ယ်။ ကျန်တဲ့ ခရီးသည် အရပ်သား တချို့ကို ကားပေါ်ကနေ တိုက်ပွဲ ဧရိယာ အပြင်ဘက်ကို ထုတ်ပေးခဲ့ပါတယ်။” ဟု

စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ ပြည်သူ ၃ ဦးမှာ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးနှင့် မုံရွာမြို့မှ အသက် ၂၇ နှစ်အရွယ် မမေသရဖီဦးနှင့် သမီး အသက် ၃ နှစ်အရွယ် မကေယံထက်တို့ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article