ဒီကနေ့ မတ် ၇ ရက် နေလယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် မင်းအောင်လှိုင်က ရုရှားစစ်ခေါင်းဆောင် ပူတင်ကို ဘုရားဗျာဒိတ်တော်လာ ကြွက်မင်းဆိုပြီး တင်စားစေခဲ့တဲ့ လက်သည်တရားခံဟာ စစ်ကောင်စီ ဒုနိုင်ငံခြားရေးဝန်ကြီး လွင်ဦး ဆိုသူဖြစ်တယ်လို့ သိရပါတယ်။
- ရန်ကုန်တိုင်း၊ အကြမ်းဖက် စစ်ကောင်စီရဲ့ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်မှာ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထိန်ဝင်း ဆိုသူရဲ့ အမိန့်နဲ့ အရေးပေါ် ယတြာအတွက် ပဋ္ဌာန်းရွတ်နည်း သင်တန်းတွေ ပို့ချနေပြန်တယ်လို့ ရေတပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောထားပါတယ်။
- ပဲခူးတိုင်းက အုတ်ဖိုမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီအတွက် လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေညှစ်နေတဲ့ အုပ်ချုပ်ရေးမှူး မြင့်ဦးဆိုသူကို တော်လှန်ရေးရဲဘော်တွေက ပစ်ခတ်ရှင်း လင်းရာမှာ နေရာမှာပဲ ပွဲချင်းပြီးကို သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
