35 C
Yangon

မုံရွာ-မန္တလေးလမ်းပိုင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး သေဆုံးခဲ့ပြီး စစ်ကား ၂ စီးကို မီးရှို့နိုင်ခဲ့သော တော်လှန် ရေးတပ်ဖွဲ့ဝင်များကို ပြည်သူများက ဂုဏ်ပြုကြိုဆို

Must read

ရန်ကုန်၊ မတ် ၇

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး သေဆုံးခဲ့သော မုံရွာ-မန္တလေး လမ်းပိုင်း တိုက်ပွဲမှ အောင်ပွဲရ တော်လှန်ရေးတပ်ဖွဲ့ဝင်များကို ပြည်သူများက ဂုဏ်ပြုကြိုဆိုကြကြောင်း ချိုမိုင်မိုင်ယင်းမာပင်မြိုနယ်မဟာမိတ်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၄ ရက်နေ့ ညနေ ၃ နာရီ ၁၀ မိနစ်အချိန် မုံရွာမြိုတွင်းမှထွက်လာသော သံပြားကာစစ်ကား ၂ စီးကို မုံရွာ-မန္တလေး လမ်းပိုင်း တစ်နေရာတွင် မဟာမိတ် တော်လှန်ရေးတပ်ပေါင်းစုများက တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင် စီ၏ သံပြားကာ Jammer ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အဆိုပါကားမှာ ထိုးရပ်သွားပြီး ကျန်စစ်ကား ၁ စီးမှာလည်း လက်နက်ငယ်များဖြင့် ပစ်ခတ်ချိန် ပျက်စီးခဲ့ကြောင်း၊ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် တိုက်ပွဲအတွင်း ချောင်းဦးမြိုနယ် စိုက်ကွင်းရုံးနှင့်မြပုလဲ စစ်တပ်အထိုင်စခန်းက ၁၂၀မမ လ-က်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ အင်ဂျင်တပ်လေထီးများဖြင့်လေကြောင်းပစ်ကူပေးခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း ဒုဗိုလ် ၁ ဦး အပါအဝင် ၁၇ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ပေါင်းစုဘက်မှလည်း ရဲဘော် ၁ ဦးဒဏ်ရာရရှိကြောင်း၊ စစ်ကား ၂ စီးကို မီးရှို့ရှင်းလင်းနိုင်ခဲ့ပြီး MA-1 ၄ လက်၊ MA-3 ၁ လက်၊ MA-11 ၃ လက် ၊ G-3 ၁ လက်၊ G-1 ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၁လက်၊ ၄၀ မမ ဆုံလည် ၁လက်၊ ကျည်ဘောက်မျိုးစုံ ၂၂ ဘောက် ရရှိခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article