ရန်ကုန်၊ မတ် ၁၀
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးစဉ် လူငယ်များ အားလုံးထွက်ပြေးသွား၍ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင် အဖိုးတန်ရွှေ၊ငွေနှင့် ရတနာများကိုလည်း စစ်သားများက လုယက်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၉ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ အုတ်ဖိုမြို့နယ်အတွင်းရှိ ဒေါင်းလေးရွာ ၊ ဒေါင်းကြီးရွာ၊ အညာတန်းရွာ၊ ဂွေးချောင်းကြီးရွာ၊ သပြေစန်းရွာ၊ သာလိကာရွာနှင့် ချောင်းဂွရွာတို့ကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီတပ်က ယမန်နေ့ ညနေ ၆ နာရီဝန်းကျင်ခန့်အချိန် အုတ်ဖိုမြို့နယ်၊ သပြေစန်းရွာသို့ ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ထိုသို့ ဝင်ရောက်စဉ် လူငယ်အားလုံး ထွက်ပြေးသွားပြီး ကျေးရွာအတွင်း အမျိုးသမီးများသာ ကျန်ရှိခဲ့သောကြောင့် စစ်တပ်က ကျေးရွာအတွင်းရှိ နေအိမ်များ နှင့် ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။
ထို့ပြင် စစ်တပ်က ကျေးရွာအတွင်း ကျန်ရှိနေသည့် စစ်ဘေးသင့် အမျိုးသမီးများ၏ လက်ဝတ်လက်စားများကိုလည်း အတင်းအဓမ္မ ချွတ်ယူသွားပြီး မွေးမြူထားသော ကြက် ၊ ဘဲ နှင့် စားသောက်ကုန်များကိုလည်း လုယက် ယူဆောင်သွားကြောင်းသိရသည်။
လက်ရှိအချိန်အထိ ကျေးရွာများမှ စစ်မှုထမ်းမည့် လူငယ်များမှာ ဆက်လက် ထွက်ပြေး တိမ်းရှောင်နေရပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျေးရွာတိုင်းတွင် တပ်ဖြန့်ထားကြောင်း သိရှိရသည်။
“အုတ်ဖိုမြို့နယ်ထဲက ကျွေးရွာ တွေကို စစ်ခွေးတွေက မနေ့ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးတာ လူငယ်တွေကတော့ ထွက်ပြေး တိမ်းရှောင်နိုင်ခဲ့တယ်။ ရွာထဲမှာ အမျိုးသမီးတွေပဲ ကျန်ရှိခဲ့တော့ ပြည်သူတွေ ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေကိုလည်း အတင်း အဓမ္မ ချွတ်ယူသွားတယ်။ အိမ်မွေး တိရစ္ဆာန်တွေနဲ့ စားသောက်ကုန် ပစ္စည်းတွေကိုလည်း စစ်ခွေးတွေက ယူဆောင်သွားတယ်။ စစ်ခွေးတွေက ရွာတွေထဲမှာ ရှိနေတယ်။ ပြန်မထွက်သေးဘူး။ သပြေစခန်းရွာက နေအိမ်တွေနဲ့ ဆိုင်ကယ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
မတ်လ ၆ ရက်နေ့တွင် အုတ်ဖိုမြို့နယ်၊ သာလိကာကျွေးရွာမှ လူငယ်များကို စစ်မှုထမ်းခိုင်းရန် ဖမ်းဆီးနေသည့် အုပ်ချု ပ်ရေးမှူး မြင့်ဦးကို သာယာဝတီခရိုင် တပ်ရင်းအမှတ် ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက် ကျားတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးသွားပြီးနောက် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
