34 C
Yangon

စစ်မှုထမ်း အပတ်စဉ် ၈ ဆင်း ခလရ ၂၅၉ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး တော်လှန်ရေးအဖွဲ့များနှင့် ချိတ်ဆက်၍ အလင်းဝင်

Must read

ရန်ကုန်၊ မတ် ၁၀

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားသော ခလရ ၂၅၉ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မတ်လ ၈ ရက်နေ့တွင် ရေစကြိုမြို့နယ် ခလရ ၂၅၉ တပ်ရင်း၌ တာဝန်ထမ်းဆောင်နေသော စစ်မှုထမ်း တပ်သားသစ် ၁ ဦးသည် ပခုက္ကူခရိုင် ပကဖ ကို ချိတ်ဆက်၍ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အလင်းဝင်လာသော စစ်မှုထမ်းတပ်သားသစ်သည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့က အလုပ်မှ ပြန်လာစဉ် မုံရွာမြို့ပေါ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ၏ ပေါ်တာဆွဲ ဖမ်းဆီးခြင်း ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်မှုထမ်း တပ်သားသစ်က မုံရွာမြို့နယ်ကပါ။ သေနတ်မပါလာဘူး။ အပတ်စဉ် ၈ ကပါ။ မွမ်းမံ သင်တန်း တက်ရင်းနဲ့ ထွက်ပြေးချင်လို့ဆိုပြီး ချိတ်လာလို့ ကယ်ထုတ်ခဲ့ရတာပါ။ သူက ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့က မုံရွာမြို့ပေါ်မှာ ပေါ်တာဆွဲ ဖမ်းဆီးခံရတာပါ။ သူက စစ်သင်တန်းကို အရာခံနဲ့ အကြပ်ကြီး သင်တန်းကျောင်း (ဗထူး) သင်တန်းမှာ ၂ လခွဲတက်ရောက်ခဲ့တယ်လို့ သိရတယ်။ သူကတော့ PDF တပ်ရင်းတစ်ခုထဲ၀င်ပြီး စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်သွားမယ်ပြောပါတယ်။ ပခုက္ကူခရိုင် ပကဖနဲ့ ချိတ်ဆက်ပြီး ကယ်ထုတ်ခဲ့တာပါ” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

အလင်းဝင်လာသော စစ်မှု တပ်သားသစ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဆက်လက် ထိန်းသိမ်းထားပြီး ကောင်း မွန်စွာ စောင့်ရှောက်ထားကြောင်း၊ ထပ်မံ အလင်းဝင်လာမည့် စစ်ကောင်စီ တပ်သားများကို နွေးထွေးစွာ ကြိုဆိုသွားမည်ဖြစ်ကြောင်း ပခုက္ကူခရိုင် ပကဖ က အသိပေး နှိုးဆော်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article