29 C
Yangon

ရေစကြို၊ သာဂေါင် (ရွာမ) ရွာတွင် စစ်တပ်က အသက် ၆၅ နှစ်အရွယ် ဦးချစ်မောင်ကို ခေါင်းဖြတ်သတ်ပြီး ငုတ်တိုင်တွင် ဦးချစ်မောင်၏ခေါင်းကို စိုက်ထူခဲ့၊ စစ်တပ်၏ သတ်ဖြတ်မှုခံရသူ ပြည်သူ ၁၇ ဦးအထိရှိလာ

Must read

ရန်ကုန်၊ မတ် ၁၄

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သာဂေါင် (ရွာမ) ရွာတွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၁ ဦးကို ခေါင်းဖြတ်သတ်ပြီး ခေါင်းကို ငုတ်တိုင်တွင် စိုက်ခဲ့ကာ ပြည်သူ ၆ ဦး၏ ရုပ်အလောင်းများ ထပ်မံတွေ့ရှိရသဖြင့် စစ်တပ်၏ သတ်ဖြတ်မှုခံရသော ပြည်သူ ၁၇ ဦးအထိရှိလာကြောင်း Yesagyo Township Info Committee အဖွဲ့က ပြောဆိုသည်။

မတ်လ ၇ ရက်နေ့မှ ၁၂ ရက်နေ့ထိ ရေစကြိုမြို့နယ်၊ သာဂေါင် (ရွာမ) ကျေးရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းခဲ့ကြောင်း၊ စစ်ကြောင်း ထွက်ခွာသွားပြီးနောက် ပြည်သူများက ကျေးရွာအတွင်း ပြန်လည် ဝင်ရောက်ချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ နှိပ်စက်၊ မီးရှို့ သတ်ဖြတ်ခဲ့သော ပြည်သူ ၁၇ ဦး ရုပ်အလောင်းများကို တဖြည်းဖြည်း တွေ့ရှိလာရကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် သာဂေါင်လေးရွာမှ အသက် ၆၅ နှစ်အရွယ် ဦးချစ်မောင်ကို ခေါင်းဖြတ်သတ်ပြီး မီးရှို့ထားသော ဦးခေါင်းကို ငုတ်တိုင်တစ်ခုပေါ်တွင် တင်ထားခဲ့ကြောင်း၊ သာဂေါင် (ရွာမ) ရွာမှ အသက် ၄၂ နှစ်အရွယ် ဦးသန်းမင်းလှိုင်ကိုလည်း နှိပ်စက် သတ်ဖြတ်ပြီး ရုပ်အလောင်းကို မြေမြုပ်ခဲ့ကြောင်းသိရသည်။

ထို့ပြင် စစ်ကြောင်း ကျေးရွာအတွင်း ဝင်ရောက်လာစဉ်တွင် တိမ်းရှောင်နိုင်ခြင်းမရှိဘဲ နေအိမ်တွင် ကျန်ရစ်နေခဲ့သော သာဂေါင်(ရွာမ) ရွာ မှ အသက် ၉၁ နှစ်အရွယ် ဦးအုန်း နှင့် အသက် ၇၀ အရွယ် ဒေါ်စန်းဝေတို့ကိုလည်း မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဖမ်းဆီးလာသော အမည်မသိ ပြည်သူ ၂ ဦး၏ ရုပ်အလောင်းများကိုလည်း တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် သာဂေါင် (ရွာမ) ရွာတွင် တပ်စွဲနေထိုင်စဉ် နေအိမ်အတွင်းရှိ ပြည်သူပိုင် ရွှေ ၊ ငွေ အပါအဝင် တန်ဖိုးကြီးပစ္စည်း များကိုလည်း မွှေနှောက်ယူဆောင်သွားပြီး အိမ်မွေး တိရိစ္ဆာန်များကိုလည်း သတ်ဖြတ်ချက်ပြုတ်စားသောက်သွားကြောင်း၊ ထို့ပြင် အစာရေစာပြတ်၍ ခိုင်းနွား အများအပြားလည်း သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မြေစွန်းတော်ရွာတွင် ဝင်ရောက် တပ်စွဲစဉ်က ကျေးရွာနေ ပြည်သူ အသက် ၇၀ ကျော်အရွယ် ဦးဟန်တင် ၊ အသက် ၆၀ နှစ်အရွယ် ဦးဌေးမြင့် ၊ အသက် ၈၈ နှစ်အရွယ် ဦးသံမဏိ ၊ အသက် ၆၀ နှစ်အရွယ် ဒေါ်သန်းပြည့် ၊ အသက် ၈၆ နှစ်အရွယ် ဒေါ်လှ‌ငွေ ၊ အသက် ၆၇ နှစ်အရွယ် ဦးကြည်ဌေး ၊ အသက် ၆၉ နှစ်အရွယ် ဦးအောင်မြိုင်၊ အသက် ၃၅ နှစ်အရွယ် ကိုသန့်ဇင်၊ အသက် ၄၀ အရွယ် ကိုအောင်လင်းနိုင် နှင့် မာလကာခြံရွာမှ အသက် ၇၀ နှစ်အရွယ် ဦးညွန့်ဝေ ၊ အသက် ၅၀ အရွယ် ဦးဆန်းဝင်း တို့ကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း Yesagyo Township Info Committee အဖွဲ့က မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article