ဒီကနေ့ မတ် ၁၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှာ စစ်ကူအင်အားရာပေါင်းများစွာနဲ့ ခုခံနေတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ညောင်ကျိုး တပ်စခန်းကြီးကို အာရက္ခတပ်တော် AA နဲ့ PDF ပူးပေါင်းတပ်တွေက အပြီးသတ် သိမ်းပိုက်လိုက်ပြီလို့ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရှမ်းမြောက်ဒေသမှာ TNLA နဲ့ KIA အောက်ခြေတပ်များအကြား အငြင်းပွားမှုတချို့ရှိနေတာဟာ နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းလိုက်ရင် ပြေလည်သွားမှာဖြစ်တဲ့အတွက် NUG က ကူညီဖို့ အသင့်ရှိနေတယ်လို့ ကမ်းလှမ်းလိုက်ပြီး ၊လက်ရှိမှာ စစ်အာရှင်ကျဆုံးမှုနဲ့ တနိုင်ငံလုံးလွတ်မြောက်ဖို့ လက်တကမ်းသာ လိုတော့တာကိုလည်း သတိပြုကြဖို့ NUG က တိုက်တွန်းထားပါတယ်။
- ချင်းပြည်နယ် ဖလမ်းမြို့ကို အပြီးသတ်သိမ်းယူနိုင်ဖို့ အတွက် တော်လှန်ရေးပူးပေါင်းတပ်တွေက အပြင်းအထန်ထိုးစစ်ဆင်နေတဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေကိုပါ အရှင်ဖ်းဆီးရမိထားတဲ့အပြင် လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
