29 C
Yangon

နယူးယောက်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်းနှင့် မြန်မာမိသားစုများတွေ့ဆုံပွဲမှ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၅၂၀၀၀ ကျော်ရရှိ

Must read

နယူးယောက်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်းနှင့် မြန်မာမိသားစုများတွေ့ဆုံပွဲမှ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၅၂၀၀၀ ကျော်ရရှိ

ရန်ကုန်၊ မတ် ၁၆

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်းနှင့် မြန်မာမိ သားစုများတွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး အဆိုပါတွေ့ဆုံပွဲမှ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၅၂၀၀၀ ကျော်ရရှိကြောင်း သိရှိရသည်။

မတ်လ ၁၅ ရက်နေ့ အမေရိကန်ပြည်ထောင်စုသို့ Suu 80th Birthday Campaign အတွက်ရောက်ရှိနေသော နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်​၏ သားငယ် Kim Aris (ခေါ်) ကိုထိန်လင်းသည် နယူးယောက်ရှိ မြန်မာမိသားစုများနှင့် တွေ့ဆုံခဲ့ကြောင်း၊ အဆိုပါတွေ့ဆုံပွဲသို့ Kim Aris (ခေါ်) ကိုထိန်လင်းနှင့်အတူ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ၊အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုး၊ဒေါ်အောင်ဆန်းစုကြည်၏စီးပွါးရေးအကြံပေး Sean Turnellတို့လည်းပါဝင် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

နယူးယောက်ဒေသခံ မြန်မိသားစုများအပါအဝင် နီးစပ်ရာအခြားမြို့များမှ မြန်မာမိသားစုများ မြန်မာ့နွေဦးတော် လှန်ရေး ထောက်ပို့အဖွဲ့များ စုစုပေါင်း ၁၀၀၀ နီးပါးတက်ရောက်ခဲ့ကြကြောင်း၊ အဆိုပါပွဲတွင် Kim Airs ၏ပုံတူပန်းချီကားကို အမေရိကန်ဒေါ်လာ ၈၈၈၈ ဖြင့်လည်းကောင်း၊ Suu 80th Birthday Calendar ကို အမေရိကန်ဒေါ်လာ ၅၅၀၀ ဖြင့်လေလံတင်ရာင်းချခဲ့ကြောင်း၊ Suu 80th Birthday Postcard ရောင်းချမှုများအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအတွက် ထောက်ပံ့ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၅၂၀၀၀ ကျော်ရရှိခဲ့ကြောင်း သိရှိရည်။

ဓာတ်ပုံ- Revo-NYC Photography Group ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article