ဒီကနေ့ မတ် ၁၇ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံတစ်ဝန်းကပြည်သူတွေကို လေယာဉ်နဲ့ ဗုံးကျဲသတ်ဖြတ်ရာမှာ ပါဝင်နေကြတဲ့ စစ်ကောင်စီ လေတပ်က အရာရှိများစွာအနက် ၅၇ ဦးကို Operation Spitfireနဲ့ ရန်ကုန်ခေတ်သစ်က ပူးတွဲအတည် ပြုထားပါတယ်။
- ဗုဒ္ဓဘာသာကို စောင့်ရှောက်နေပါတယ်ဆိုပြီး ကိုယ်ကျိုးစီးပွားအတွက် ဝါဒမှိင်းတိုက်ကာ အသုံးချ လေ့ရှိတဲ့ အကြမ်းဖက်စစ်တပ်က အခုလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြိုက စိန်ရတနာ ပရိယတ္တိစာသင် တိုက်ကို ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့လို သံဃာတော် ၉ ပါးနဲ့ ပြည်သူ ၅ ဦး စုစုပေါင်း ၁၄ ဦး သေဆုံး ခဲ့တယ်လို နောင်ချိုမြိုမှ ဒေသပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ပဲခူးတိုင်း၊ ပန်းတောင်းမြိုနယ်၊ ညောင်ကျိုးရွာပတ်ဝန်းကျင် ကာကင်းစခန်းတွေအားလုံးကို AA နဲ့ ပူးပေါင်း တပ်တွေ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲဝင်တွေဟာ ကစဉ့်ကလျားဆုတ်ခွာထွက်ပြေးနေသလို လေကြောင်းတိုက်ခိုက်မှုတွေကလည်း ဆက်တိုက်လုပ်နေတဲ့အတွက် အခြေအနေရှုပ်ထွေးပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို AA ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
